
နေပြည်တော် ဇူလိုင် ၂၈
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ပည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော် တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် သီးခြားစီကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။
အခမ်းအနားသို့ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဦးစွာ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော် မင်္ဂလာမော်ကွန်း ကမ္ပည်းဖွင့်လှစ်ခြင်း အခမ်းအနား ကို ကျင်းပပြုလုပ်ရာ အခမ်းအနား မှူးက မင်္ဂလာမော်ကွန်းကမ္ပည်း စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာ အချိန်တွင် ဦးဆောင်ဘုရားဒါယ ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က သာသနာ့ဗိမာန်တော် မော်ကွန်းကမ္ပည်းကြေးပြားတော် အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ပေးသည်။
ထို့နောက် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်အတွင်းရှိ နောင်တော် ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယ ပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟ က မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆို ပူဇော်ကြသည်။
ပက်ဖျန်းပူဇော်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် ဥဏ္ဏလုံ မွေးရှင်တော် စီသွင်းပူဇော်မည့် မင်္ဂလာနေရာသို့ တက်ရောက် နေရာယူသည်။ ထိုသို့ မင်္ဂလာ နေရာသို့ တက်ရောက်နေရာယူစဉ် အခမ်းအနားမှူးက ဥဏ္ဏလုံမွေးရှင် တော်စီသွင်းပူဇော်ခြင်း မဟာ မင်္ဂလာအခါတော် စာတမ်းကို ဖတ်ကြားပူဇော်ပြီး မင်္ဂလာအချိန် တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က နောင်တော်ကြီးဗုဒ္ဓရုပ်ပွား တော်မြတ်အား ဥဏ္ဏလုံမွေးရှင် တော်မြတ် စီသွင်းပူဇော်ကာ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပရိတ် နံ့သာရည်များ ပက်ဖျန်းပူဇော် သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့က ဗုဒ္ဓရုပ်ပွားတော်မြတ် အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
ထို့နောက် မုစလိန္ဒနဂါးရုံ ဘုရား ကျောင်းဆောင်တော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်း အနား ဆက်လက်ကျင်းပပြုလုပ် ရာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် ဥဏ္ဏလုံ မွေးရှင်တော် စီသွင်းပူဇော်မည့် မင်္ဂလာနေရာသို့ တက်ရောက် နေရာယူပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏ လုံမွေးရှင်တော်မြတ် စီသွင်းပူဇော် ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့က ဗုဒ္ဓရုပ်ပွားတော်မြတ် အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်သည်။
ထို့နောက် မာရဝိဇယကျောင်း ဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဥဏ္ဏလုံမွေးရှင် တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပ ပြုလုပ်ရာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရား ရှိခိုး၍ ဖွင့်လှစ်သည်။
ပက်ဖျန်းပူဇော်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် ဥဏ္ဏလုံ မွေးရှင်တော် စီသွင်းပူဇော်မည့် မင်္ဂလာနေရာသို့ တက်ရောက် နေရာယူပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏ လုံမွေးရှင်တော်မြတ် စီသွင်း ပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်သည်။
ထို့နောက် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်း ကျောက်စာတော် တည်ထား ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် မော်ကွန်း ကျောက်စာတော် တည်ထား ပူဇော်မည့် မင်္ဂလာနေရာတွင် နေရာယူပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ပူဇော် ထားသည့် ကျောက်စာချပ်များကို တည်ထားပူဇော်ပြီး ပရိတ်နံ့သာ ရည်များ ပက်ဖျန်းပူဇော်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့က ကျောက်စာချပ်များအား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်း ပူဇော်သည်။
ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး
ထို့နောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော် အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော် မင်္ဂလာမော်ကွန်း ကမ္ပည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ဥဏ္ဏလုံမွေး ရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည် ထားပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြ သည်။
ခမ်းနားသိုက်မြိုက်စွာကျင်းပ
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက် စာရုံစေတီတော်များ ထီးတော် တင်လှူခြင်းနှင့် ရေစက်ချမဟာ မင်္ဂလာ အခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာ နေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် လ ၁ ရက်တွင် နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်