“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများ ရေးထိုးပူဇော်ထားသည့် ကျောက်စာချပ်များကို စိုက်ထူပူဇော်သွားမည်

 

နေပြည်တော်    ဒီဇင်ဘာ     ၂

 


ပြည်ထောင်စုနယ်မြေ    နေပြည်တော်   ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများ၏ ဩဝါဒများ၊ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိသည်။ 

 


ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို   ထုဆစ်ပူဇော်ရာတွင်   နိုင်ငံတော် ဩဝါဒါစရိယ   ဆရာတော်ကြီးများ၏  ဩဝါဒများနှင့်အညီ  မြတ်စွာ ဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့်   
သင့်လျော်ညီညွတ်သော  ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး   အခြားသာသနိက အဆောက်အဦများကိုပါ   ပြည့်စုံစွာထည့်သွင်း၍ ရတနာပုံခေတ် မြန်မာ့အနုပညာလက်ရာ စုံလင်စွာ ဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 
ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း  ၈၁  ပေ အမြင့်ဆောင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ ပလ္လင်တော် အပိုင်း ၁ နှင့် ၂ ကိုနေရာ ချထားပြီးစီးပြီဖြစ်ကာ   ကျန်ရှိသည့်အပိုင်းများကို လည်း ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ် မှုများ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့ပြင်    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒအရ ဗုဒ္ဓဥယျာဉ်တော် အတွင်း   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးလာ မိဘပြည်သူများဖူးမြော်ရာ၌ ပိဋကတ် သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာမြတ် ကိုပါ  တစ်ပါတည်း  ဖူးမြော်ကြည်ညိုပူဇော်နိုင်ရေး၊ဗုဒ္ဓသာသနာတော်  ထွန်းကားပြန့်ပွားရေး၊  ခေတ် အဆက်ဆက်  မှတ်တမ်းကျန်ရှိစေရေးတို့အတွက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင် ကျောက်တော်များ၌ ထွင်းထုပူဇော်စိုက်ထူနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်ခဲ့သည်။ 

 


ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်လည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့   ဆရာတော်ကြီးများ၏ ဩဝါဒကို   ဦးစွာခံယူခဲ့ပြီး  နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ထံသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် လျှောက်ထား၍ လမ်းညွှန်ဩဝါဒခံယူခဲ့ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ လမ်းညွှန် ဩဝါဒများ ခံယူပြီးနောက် ပိဋကတ်သုံးပုံ   ပါဠိတော်    အဋ္ဌကထာ   ဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင် ရွက်လျက်ရှိသည်။

 


ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး စိစစ်ဆောင်ရွက် ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏   ပါမောက္ခချုပ်ဟောင်း  အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အရှင်သီလာနန္ဒာဘိဝံသ၏  လမ်းညွှန်မှုဖြင့်  နိုင်ငံ တော်    ဩဝါဒါစရိယ   ဆရာတော်ကြီး  ငါးပါးက ကြီးကြပ်ကွပ်ကဲ၍   ပိဋကတ်သုံးပုံ  ပါဠိတော်  အဋ္ဌ ကထာ ဋီကာကျမ်းစာများကို Romanize Language  ဖြင့် ဖလှယ်ထားရှိခဲ့သည့်  ပါဠိအက္ခရာနှင့် Romanize Language  တို့ဖြင့်  ထုဆစ်ပူဇော်သွားမည်ဖြစ်သည်။

 


အဆိုပါ ကျောက်စာတိုက်များ တည်ထားနိုင်ရေး ဆောင်ရွက်ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်တင်ထားသည့်အပြင်  ၂၀၁၃  ခုနှစ်တွင် ယူနက်စကို     ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း ဝင်ခဲ့သည့်   မန္တလေးမြို့  မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ် ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောက်စာရုံ အနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ထု ၇ ဒသမ ၂ လက်မ ရှိမည်ဖြစ်သည်။  

 


ယခု  ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို      ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဌ် တော်များကို    ရေးထိုးပူဇော်ထားခြင်းဖြစ်သည့် အတွက်    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော် ထားရှိမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများ အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ရာတွင်   ကျောက်စာတိုက်များအတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာ များကိုပါ တစ်ပါတည်း ကြည်ညိုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

 


အဆိုပါ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်း များကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်  ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)  မိသားစုဝင်များ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်း လှူဒါန်းမှုဖြင့်       တည်ဆောက်ပူဇော်လျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက်     အလှူငွေ များကို        ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့်    ကျောက်စာရုံလှူဒါန်းရာ၌ ကျောက်စာရုံတစ်ခုလျှင်  ငွေကျပ် ၂၇၉ သိန်း ကျသင့်မည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့တစ်ဖွဲ့ချင်းအလိုက်     ကုသိုလ်ရှင်များအား ကမ္ပည်းမှတ်တမ်း       ရေးထိုးပေးသွားမည်ဖြစ်ပါ ကြောင်းဖြင့် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော် အပ်ပါသည်။

သတင်းစဉ်