မာရဝိဇယ ဘူမိဖဿ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထုပူဇော်မည့် ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲရေးသားထားမှုအား စိစစ်တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန်    ဇန်နဝါရီ      ၈


နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသော မာရဝိဇယ ဘူမိဖဿ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထု  ပူဇော်မည့် ပိဋကသုံးပုံ ပါဠိတော် ကို Roman အက္ခရာဖြင့် ပြောင်းလဲရေးသားထားမှုအား စိစစ်တည်းဖြတ်နိုင်ရေး  ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပပြုလုပ်သည်။

 


ညှိနှိုင်းအစည်းအဝေးသို့ စိစစ် တည်းဖြတ်ရေးကော်မတီ    ဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ   သာသနာ့ တက္ကသိုလ်  (ရန်ကုန်)  ဒုတိယ ပါမောက္ခချုပ်    (သင်ကြား)ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ဇောတိက၊ စိစစ် တည်းဖြတ်ရေးကော်မတီ အတွင်း ရေးမှူး    အပြည်ပြည်ဆိုင်ရာ ထေရဝါဒ     ဗုဒ္ဓသာသနာပြု တက္ကသိုလ်  ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်ကြီးများ၊ သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ စိစစ် တည်းဖြတ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့်  အတွင်းရေးမှူး  ဆရာတော် တို့က   ပိဋကသုံးပုံ  ပါဠိတော်ကို Roman  အက္ခရာဖြင့်   စိစစ် တည်းဖြတ်နိုင်ရေး   လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ သြဝါဒကထာ များ မိန့်ကြားတော်မူကြသည်။

 


ထို့နောက်  စိစစ်တည်းဖြတ် ရေးလုပ်ငန်းကော်မတီ  အတွင်း ရေးမှူး       သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းက ရှင်းလင်း လျှောက်ထားရာတွင် ပြည်ထောင် စု နယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်တွင် တည်ထားလျက် ရှိသော  မာရဝိဇယ  ဘူမိဖဿ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ပရိဝုဏ်အတွင်း၌ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော   ဆဋ္ဌ သိင်္ဂီတိပိဋက ပါဠိတော်ကျမ်း ၅၃ ကျမ်း  (အုပ်ရေ  ၄၀) တို့ကို ပါဠိ၊ Roman   နှစ်    ဘာသာဖြင့် ကျောက်စာရေးထိုး ပူဇော်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ကျောက်စာချပ်များအဖြစ် ရေးထိုး ထွင်းထု ပူဇော်ရာတွင် ယခင်က အပြည်ပြည်ဆိုင်ရာ      ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပါမောက္ခချုပ်ဆရာတော်အဖြစ် တာဝန် ထမ်းဆောင်တော်မူခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ   ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ  ဆရာ တော်ကြီး  ရှေးဦးစွာ  Roman အက္ခရာဖြင့်  ဘာသာပြန်ဆိုထား တော်မူခဲ့သော   Romanization ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)အား အတည်ပြု  ရွေးချယ်ထားပြီးဖြစ် ပါကြောင်း။ 

 


အဆိုပါ   Romanization ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)အား ဆဋ္ဌသင်္ဂါယနာမူနှင့်    ကိုက်ညီစေ ရေးအတွက်    သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏      အဓိပတိ၊ တွဲဖက်ရွှေကျင်      သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ       သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ  ဉာဏိဿရ၏ သြဝါဒကိုခံယူကာ  စိစစ်တည်း ဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်စေရန်အတွက်   နာယကအဖွဲ့၊ စိစစ်တည်းဖြတ်ရေး   ကော်မတီ၊ လုပ်ငန်းကော်မတီများကို အဆင့် ဆင့်      ဖွဲ့စည်းထားပြီးဖြစ်ပါ ကြောင်း၊     မိမိတို့    လုပ်ငန်း ကော်မတီအနေဖြင့်လည်း  ဆရာ တော်ကြီးများ၏  စိစစ်တည်းဖြတ် ရေးလုပ်ငန်းများအတွက် လိုအပ် သည့် ကိစ္စအဝဝကို ဆောင်ရွက် ပေးရန်   အသင့်စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း ရှင်းလင်း လျှောက်ထားသည်။

 


ထို့နောက်  စိစစ်တည်းဖြတ် ရေးကော်မတီ     အတွင်းရေးမှူး ဆရာတော်   ဒေါက်တာ  ဘဒ္ဒန္တ ဆေကိန္ဒက   မန္တလေးကုသိုလ် တော်ဘုရားရှိ မူလကျောက်စာချပ် ပုံစံများနှင့်   နှိုင်းယှဉ်ကာ  မာရ ဝိဇယ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ပရိဝုဏ်အတွင်း ဖြစ်ပေါ် လာမည့်  ကျောက်စာချပ်   ပုံစံ၊ အရွယ်အစားနှင့်   ကျောက်စာ တစ်ချပ်လျှင်       ပါဠိအက္ခရာ၊ Roman အက္ခရာတို့ဖြင့် ဝင်ဆံ့ နိုင်မည့်  စာမျက်နှာအရေအတွက် များကို   အသေးစိတ်   ရှင်းလင်း ဆွေးနွေးသည်။ 

 


ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော တက္ကသိုလ်အသီးသီးမှ ပညာရှင် ဆရာတော်ကြီးများနှင့်  ကျွမ်းကျင် ပညာရှင်များက            ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲ   ရေးသားထားမှုအား စိစစ်  တည်းဖြတ်နိုင်ရေးအတွက် ဝိနယပိဋက ၅ အုပ်၊ သုတ္တန္တပိဋက ၂၃ အုပ်၊ အဘိဓမ္မာပိဋက ၁၂ အုပ်၊ စုစုပေါင်း အုပ်ရေ ၄၀ တို့၏ ကျမ်း စာရင်းများအား    သက်ဆိုင်ရာ တက္ကသိုလ်အလိုက်         စိစစ် တည်းဖြတ်ရန်  လုပ်ငန်းတာဝန် ခွဲဝေပြီးစီးမှု           အခြေအနေ၊ သက်ဆိုင်ရာ   ကျမ်းစာရင်းများ အလိုက်  ဌာနအသီးသီးမှ  စိစစ် တည်းဖြတ်ရေး       လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု   အခြေအနေ များကို အသေးစိတ် လျှောက်ထား ဆွေးနွေးတော်မူကြသည်။

 

 
ဆွေးနွေးချက်များနှင့်     စပ် လျဉ်း၍    စိစစ်တည်းဖြတ်ရေး ကော်မတီ     အတွင်းရေးမှူး ဆရာတော်  ဒေါက်တာ  ဘဒ္ဒန္တ ဆေကိန္ဒက       ပြန်လည်သုံးသပ် ဆွေးနွေးတော်မူပြီး        စိစစ် တည်းဖြတ်ရေး ကော်မတီ ဥက္ကဋ္ဌ က       နိဂုံးချုပ်သြဝါဒကထာ မိန့်ကြားတော်မူကာ   အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။                      

သတင်းစဉ်