
မာန်အောင် ဧပြီ ၁၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မာန်အောင်မြို့နယ်အတွင်း ကျေးရွာများ ရေကောင်းရေသန့် ရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူ များက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦစီးဌာနက ဦးစိုးအောင်(ဦးစီးအရာရှိ၊နည်းပညာ)နှင့် ဦးအောင်နေထူး (အငယ်တန်းအင်ဂျင်နီယာ-၂)တို့က ဧပြီ ၉ ရက်တွင် မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု ခုံရွာကျေးရွာသို့ သွားရောက်ကာ ကျေးရွာရေကော်မတီဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျေးရွာတွင်း သန့်ရှင်းသော ရေကောင်းရေသန့် ရရှိသုံစွဲနိုင်ရေးနှင့် ကျေးရွာ၌ လက်ရှိ ရေသုံးစွဲနေမှုနှင့် ရေဖူလုံမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းရှင်းလင်းကြကာ ကျေးလက်ဦးစီး ဌာနမှ ဆောင်ရွက်နေသည့် ရေကောင်းရေသန့် ရယူသုံးစွဲနိုင်ရေးအတွက် ရှင်းလင်းပြောကြားသည်။
အောင်လှဖြူ(ရမ်းဗြဲ)