မာလဲနတ်တောင်ရေလှောင်တမံမှ ယခုနှစ် နွေသီးနှံစိုက်ဧက ၁၁၀၀ အတွက် စိုက်ပျိုးရေများ ပေးဝေသွားမည်

 

မန္တလေး  ဒီဇင်ဘာ   ၂၆


မန္တလေးတိုင်းဒေသကြီး    စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင်ရေလှောင်တမံမှ   တောင်သူများ အတွက် နွေသီးနှံစိုက်ဧက ၁၁၀၀ အတွက် လာမည့် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ စိုက်ပျိုးရေများ ပေးဝေ သွားမည်ဖြစ်ကြောင်း     မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်   ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင် စိုးက ပြောကြားသည်။

 

အဆိုပါ နွေသီးနှံစိုက်ဧကများအတွက်   မာလဲ နတ်တောင်ရေလှောင်တမံအတွင်း ရေနည်းနေသော် လည်း ရေလက်ကျန်ပမာဏမှာ ၃၁၉၆၄   ဧကပေ ရှိ၍ စိုက်ပျိုးရေအတွက် အသုံးပြုနိုင်သော ရေပမာ ဏမှာ ၂၄၅၅၅ ဧကပေနှင့် ပေးနိုင်သည့်ဧကပေကို တွက်ချက်ကာ ယင်းရေလက်ကျန်ပမာဏပေါ် မူတည် ၍ ယခုနှစ်တွင် နွေစပါးဧက ၈၀၀ နှင့် အခြားသီးနှံ ဧက ၃၀၀ လျာထားပြီး စိုက်ပျိုးရေများပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။  

 

‘‘တောင်သူတွေအတွက်    စိုက်ပျိုးရေ ပြည့်ဝစွာ ပေးနိုင်အောင် မနှစ်က မာလဲနတ်တောင်တူးမြောင်း စနစ်ကို   အဆင်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းတွေ ကို ဆောင်ရွက်ပြီးပါပြီ။   ပြီးခဲ့တဲ့ မိုးစပါးရာသီမှာ မြောင်းရေဆုံးသည်အထိ ရေပေးဝေနိုင်ခဲ့ပါတယ်။ နောက်ဆို မိုးရွာသွန်းမှုပေါ်မူတည်ပြီးတော့ တောင်သူ တွေအတွက် စိုက်ပျိုးရေကို  ပြည့်ဝစွာ    ပေးသွား မှာပါ။   အခု  နွေသီးနှံတွေအတွက်လည်း စိုက်ပျိုးရေ ပေးဝေသွားတော့မှာပါ။  တောင်သူတွေအနေနဲ့က လည်း ရေကို စနစ်တကျနဲ့   ချွေတာသုံးစွဲကြဖို့လိုပါ တယ်။ ဒါမှ ရေတွေ အလေအလွင့်မရှိဘဲ  တောင်သူ တွေ အဆင်ပြေစွာသုံးစွဲနိုင်ကြမှာပါ။ နွေ၊   မိုးရာသီ အလိုက် တောင်သူတွေအတွက်    စိုက်ပျိုးရေကို ပေးဝေသွားမှာပါ’’ဟု ၎င်းက ရှင်းပြသည်။

 

 
ထိုမာလဲနတ်တောင်ရေလှောင်တမံမှ တောင်သူ များအတွက် အဓိကအနေဖြင့် မိုးသီးနှံနှင့် နွေသီးနှံ တို့ကို ပေးဝေစိုက်ပျိုးနေကြောင်း၊ မိုးစပါးရာသီချိန် တွင်  စိုက်ဧက ၃၂၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေနိုင် ခဲ့ကြောင်း၊ ရေအသုံးချသူများအဖွဲ့ကိုလည်း ဖွဲ့စည်း ပေးထားပြီး နောက်ပိုင်းတွင် အသင်းအဖွဲ့ဖြစ်လာစေ ရေးအတွက် ရည်မှန်းထားရှိကြောင်း၊ ယခုနှစ်နွေသီးနှံ များအတွက် တမံအတွင်း လက်ကျန်ရှိသည့် ရေပေါ် မူတည်ပြီး ရေပေးရသည်ဖြစ်သောကြောင့်    အထူး သဖြင့် မြောင်းအရင်းပိုင်းကို  အဓိက ပေးဝေမည် ဖြစ်ကြောင်း သိရသည်။ 


မင်းထက်အောင်(မန်းကိုယ်ပွား)