
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ
=====================================
နေပြည်တော် နိုဝင်ဘာ ၅
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့်ဝယ်ယူရေး ဆောင်ရွက်ရာ တွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကျင်းပခြင်း ဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ် ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်အခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်သည့် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၅၂၀၀၀၀ နှုန်းအောက် မကျသောဈေးနှုန်းဖြင့် ဝယ်ယူရေး ဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါပုံစံဖြင့်တင်ဒါစည်းကမ်းချက်များကို အောက်တိုဘာ ၁၄ ရက်မှ ၂၈ ရက်အထိ ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ လှည့် ပတ်ရန်ပုံငွေ ၂၀ ဘီလီယံကို ထုတ်ယူ၍ စပါးဝယ်ယူရေး လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူ ထားသည့်ငွေကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တစ်လုံးတစ်ခဲတည်း အပြီးသတ် ပြန်လည်ပေးသွင်းရမည် ဖြစ်၍ စပါးဝယ်ယူရေးဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာ ငွေများ ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် မိမိ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း စပါးဝယ်ယူရေးအတွက် တင်ဒါဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ဆန်များပြန်လည်အပ်နှံရာတွင် လက်ခံနိုင်ရေးအတွက် သိုလှောင်ရုံများငှားရမ်းသုံးစွဲနိုင်မည့် အခြေအနေနှင့် စပ်လျဉ်း ၍ ဆောင်ရွက်သင့်သည့်အခြေအနေများအား ဆွေးနွေးပေး ကြရန်နှင့် တင်ဒါစနစ်ဖြင့် စပါးဝယ်ယူရေးဆောင်ရွက်ရာ တွင် ဖြစ်ပေါ်လာနိုင်မည့်အခက်အခဲများအပေါ် အစည်း အဝေးတက်ရောက်လာကြသော လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်း အဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းများ လီမိတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက ပြည်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်