လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဩဂုတ် ၂၄


လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့်  နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း(Standard Operating Procedure–SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့် ကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။


ဦးစီးကော်မတီဥက္ကဋ္ဌ     ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေး နှင့်    လယ်ယာမြေများ    မလျော့ပါးစေရေးအတွက် ၁၉၅၃   ခုနှစ်    လယ်ယာမြေနိုင်ငံပိုင်   ပြုလုပ်ရေး အက်ဥပဒေအပါအဝင်  ခေတ်အဆက်ဆက်အတည်ပြု ပြဋ္ဌာန်းခဲ့သည့်  လယ်ယာမြေဥပဒေစည်းကမ်းချက် များတွင် “လယ်ယာမြေကို  ခွင့်ပြုမိန့်မရရှိဘဲ အခြား နည်းသုံးစွဲခြင်း  မပြုရ” “ လယ်ယာမြေကို ရာသီသီးနှံ အမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက် မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရ” ဆိုသည့် အချက် များကို အတိအလင်း ပြဋ္ဌာန်းထားရှိကြောင်း၊ ဥပဒေ နှင့်အညီ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြား နည်းသုံးစွဲထားမှုများ       ဖြေရှင်းဆောင်ရွက်ရန် လိုအပ်လာမှုနှင့်  နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ    လုပ်ထုံးလုပ်နည်း စံနှုန်းရေးဆွဲပြုစုရန်      ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။  


ပြည်သူများ နစ်နာမှုမရှိစေရေး


လယ်ယာမြေကို  အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့်  နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်း များ လုပ်ထုံးလုပ်နည်း စံနှုန်း(Standard Operating Procedure –SOP)   ရေးဆွဲပြုစုရာတွင်  ပြီးပြည့်စုံမှု အနေအထားရရှိနိုင်စေရန်   စိုက်ပျိုးရေး၊  မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင် သည့်  ပြည်ထောင်စုအဆင့်  လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊     တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ        ဦးဆောင်သည့် နေပြည်တော်၊   တိုင်းဒေသကြီး၊   ပြည်နယ်လုပ်ငန်း ကော်မတီများအနေဖြင့်     သတ်မှတ်ထားသော လုပ်ငန်းတာဝန်များနှင့်အညီ     လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသော ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများ ကို  စနစ်တကျ လေ့လာဆန်းစစ်ပြီး   ပြည်သူများ နစ်နာမှုမရှိစေရေး     ဖော်ထုတ်အကြံပြုရန်နှင့် ပြည်ထောင်စုအဆင့်   လုပ်ငန်းကော်မတီအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ  ထိန်းကျောင်း ပေါင်းစပ်ကာ    ဦးစီးကော်မတီသို့    တင်ပြပေးရန်၊ လုပ်ငန်းတာဝန်များ         အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအချိန် လျာထားချက်ဘောင် အတွင်း ပြီးစီးအောင်လုပ်ဆောင်နိုင်ရေး  ကြိုးပမ်း ကြရန်  ပြောကြားသည်။


ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေး မှူး  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က  ၂၀၁၂  ခုနှစ် လယ်ယာ မြေဥပဒေမတိုင်မီကာလက  ကျူးလွန်မှုကိစ္စရပ်များ၊ ၂၀၁၂ ခုနှစ်    လယ်ယာမြေဥပဒေ   ကျင့်သုံးသည့် နောက်ပိုင်းကာလ ကျူးလွန်မှုကိစ္စရပ်များ ၊ နောက်နောင် မဖြစ်ပွားစေရေးကိစ္စရပ်များကို  ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့်    ဦးစီးကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။


ကြိုးပမ်းဆောင်ရွက်သွားမည်


တည်ဆဲလယ်ယာမြေဥပဒေနှင့်  လယ်ယာမြေ နည်းဥပဒေများကို မျက်ကွယ်ပြုပြီး လယ်မြေများကို ဥပဒေနှင့်အညီ  ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာ နေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အအုံ  များ    ဆောက်လုပ်ခြင်း၊     စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်း စသည့်  ဥပဒေမဲ့လုပ်ဆောင်နေမှု များကို ဖြေရှင်းရန် နည်းလမ်းများနှင့် ထပ်မံမဖြစ်ပွား စေရေးအတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ ခုနှစ်    ဩဂုတ်လ (၁၀)ရက်တွင်  အမိန့် ကြော်ငြာစာအမှတ်    ၁၄၇/၂၀၂၃     ထုတ်ပြန်၍ “လယ်ယာမြေကို      အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့်   နောင်ထပ်မံ မဖြစ်ပွားစေရေး     ဆောင်ရွက်မည့်     နည်းလမ်းများ လုပ်ထုံးလုပ်နည်း   စံနှုန်း   (Standard Operating Procedure –SOP)    ရေးဆွဲပြုစုရေး     ဦးစီး ကော်မတီ”   ကို  လည်းကောင်း၊ အဖွဲ့ဝင် ၁၇ ဦး ပါရှိသည့် ပြည်ထောင်စုအဆင့်  လုပ်ငန်းကော်မတီနှင့် အဖွဲ့ဝင် ၁၈ ဦးပါ  နေပြည်တော်၊  တိုင်းဒေသကြီး၊ ပြည်နယ်      လုပ်ငန်းကော်မတီကိုလည်းကောင်း ဖွဲ့စည်းထားကြောင်း၊  ဦးစီးကော်မတီအနေဖြင့် စိုက်ပျိုးမြေများ   မလျော့ပါးစေရေးနှင့်   တိုးပွားလာ သောပြည်သူလူထုအတွက်  နေထိုင်နိုင်ရန် မြေနေရာ လုံလောက်ရေး၊   တိုးတက်ဖွံ့ဖြိုးလာသော   စက်ရုံ အလုပ်ရုံများအတွက်     မြေနေရာအသုံးပြုနိုင်ရေး တို့ကို   အခြေခံ၍   အဆိုပါ   လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့် (Standard Operating Procedure – SOP) ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်