လယ်ဝေးမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များပေးအပ်

 

လယ်ဝေး   စက်တင်ဘာ  ၇


နေပြည်တော် လယ်ဝေးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်     ပုံစံ-၇ များ ပေးအပ်ပွဲကို     လယ်ဝေးမြို့   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၆ ရက်က ကျင်းပသည်။

 


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များ ထုတ်ပေးခြင်းဖြင့်  တောင်သူများ ဘဝ မြင့်မားတိုးတက်စေရန်  ရည်ရွယ်ကြောင်း၊ ယနေ့တွင် အုပ်စု ၇ အုပ်စုရှိ တောင်သူ ၁၆ ဦး၏ လယ်မြေ ၉ ဒသမ ၅၄ ဧကနှင့် ယာမြေ ၂၈ ဒသမ ၆၄ ဧကတို့အတွက် ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ပေးရန်လည်း  စီစဉ်နေကြောင်း၊ ပုံစံ-၇ ရရှိပြီးပါက စိုက်ပျိုးရေး ထွက်ကုန် တိုးတက်စေရန်   သက်ဆိုင်ရာ   တာဝန်ရှိ ဝန်ထမ်းများနှင့်ပူးပေါင်းကာ      စုပေါင်း လယ်ယာမြေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကန်ထရိုက်လယ်ယာများတွင် ပူးပေါင်းပါဝင် နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ထွက်ကုန်များအရည်အသွေးမြင့်မားရေးနှင့်       လက်မှု လယ်ယာမှ  စက်မှုလယ်ယာစနစ်သို့   ဆက်လက် တက်လှမ်း   ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။  

 


ထို့နောက် မြို့နယ်  လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်   စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်ခိုင်ဦးက  လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ- ၇    ထုတ်ပေးခြင်းလုပ်ငန်း အဆင့်ဆင့်ကို      ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ က တောင်သူများထံ  လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ- ၇ များ  ပေးအပ်ကြကာ   တောင်သူများက   မိမိတို့လယ်ယာမြေများ စိုက်ပျိုးရာတွင် အခက်အခဲများကို    တင်ပြ ကြပြီး  တာဝန်ရှိသူများက  ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။                    

မြို့နယ်(ပြန်/ဆက်)