
နေပြည်တော် ဧပြီ ၂၂
နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ လေဘေးသင့်ခဲ့သည့် နေရာများသို့ သွားရောက်၍ ဒေသခံပြည်သူများကို ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည် များ မှာကြားသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများကို ဆေးကုသမှုခံယူနေ သည့် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံ၊ ဒက္ခိဏသီရိမြို့နယ် ခုတင် (၅၀)ဆံ့ဆေးရုံနှင့် လယ်ဝေးမြို့နယ် ခုတင် (၁၀၀) ဆံ့ ဆေးရုံများသို့ သွားရောက်၍ ဆေးဝါးကုသမှုခံယူ လျက်ရှိသည့်လူနာများကို ကြည့်ရှု အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ လေဘေးသင့် ပြည်သူများနေထိုင်ရန် စီစဉ် ဆောင်ရွက်မည့် လယ်ဝေးမြို့နယ် အားကစားကွင်းကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက သက်ဆိုင်ရာ ကဏ္ဍ အလိုက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
ညနေပိုင်းတွင် လေဘေးသင့် အိမ်ထောင်စုများကို ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည် တော် လယ်ဝေးမြို့နယ် အားကစား ကွင်း၌ ကျင်းပရာ လေဘေးသင့် အိမ်ထောင်စုများအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ 30 Kg ဆန်အိတ် ၉ဝ ၊ ဆီ၊ ခေါက်ဆွဲထုပ်၊ အချိုရည် များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကလည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခြောက်ပြည်ဆန်အိတ် ၂၃၈အိတ်၊ ခေါက်ဆွဲထုပ်နှင့် ကြက်ဥ၊ ရေသန့် ဘူးတို့ကို ဒုတိယဝန်ကြီး ဦးမြင့်စိုး က လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်း ၁၀ မျိုးပါ ထောက်ပံ့ပစ္စည်းပုံး ၂၅၅ ပုံးနှင့် ထောက်ပံ့ငွေကျပ် ၃၂၆၈ဝ၇ဝဝ ကို တာဝန်ရှိသူတစ်ဦးကလည်း ကောင်း၊ နေပြည်တော်ကောင်စီမှ ခြောက်ပြည်ဆန်အိတ် ၂၃၅ အိတ်၊ ဆီ ၅၀ သား ၂၃၅ ဘူး၊ ရေသန့် တစ်လီတာဘူး ၂၃၅ ကတ်နှင့် ကြက်ဥတို့ကို နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ ၂၄ ပြည်ဆန်အိတ် ၅၀ တို့ကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူ များကလည်းကောင်း၊ အလှူရှင် များမှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၅၀၀ ကျော်ကို အလှူရှင်များ ကလည်းကောင်း ပေးအပ်လှူဒါန်း ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ က လက်ခံရယူသည်။ ယနေ့ လေဘေးသင့်ပြည်သူများအတွက် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ နှင့် အလှူရှင်များမှ စုစုပေါင်း ပစ္စည်းတန်ဖိုးနှင့် အလှူငွေကျပ် သိန်းတစ်ထောင်ကျော် လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်