လယ်ဝေးမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧက တင်း ၁၀၀ နှုန်း ထွက်ရှိရေး စံပြကွက်ဧက ၁၀၀ စိုက်ပျိုးပြီးစီးမှု ကွင်းဆင်းကြည့်ရှု

 

လယ်ဝေး    ဩဂုတ်   ၂၃


နေပြည်တော်ကောင်စီ  အဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့          ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များနှင့် အတူ    ယမန်နေ့  နံနက်ပိုင်းက လယ်ဝေးမြို့ ခရမ်းကိုင်းကျေးရွာ အနီးရှိ   တစ်ဧက  တင်း ၁၀၀ နှုန်း ထွက်ရှိရေး     စံပြကွက်    ဧက ၁၀၀     တွင်        မိုးစပါးစိုက်ပျိုး ပြီးစီးမှုကို      ကွင်းဆင်းကြည့်ရှု သည်။

 


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး    ဦးစောဝင်းက   ၂၀၂၂-၂၀၂၃  ခုနှစ်    မိုးစပါးရာသီတွင် လယ်ဝေးမြို့နယ်အတွင်း မိုးစပါး မျိုးကွဲအလိုက် စိုက်ပျိုးပြီးစီးမှုနှင့် ရေရရှိမှုနည်းလမ်းအလိုက် စိုက်ပျိုး ပြီးစီးမှုများကို    ရှင်းလင်းတင်ပြ ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် က     စိုက်ပျိုးရေးနှင့်    မွေးမြူ ရေးကဏ္ဍ      ဖွံ့ဖြိုးရေးအတွက် ဘက်ပေါင်းစုံမှ   တွန်းအားပေး ဆောင်ရွက်လျက်     ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ   နေပြည် တော်အတွင်း စပါးသီးနှံကို မိုးနှင့် နွေရာသီတို့တွင်     စိုက်ပျိုးနိုင် သကဲ့သို့   ရာသီအလိုက်     သီးနှံ မျိုးစုံ     စိုက်ပျိုးနိုင်သည့်   အခွင့် အလမ်းများရှိကြောင်း၊  စိုက်ပျိုးရေ ရရှိရေးအတွက်         နိုင်ငံတော် က    တည်ဆောက်ပေးထားသည့် ဆည်ကန်များမှလည်း ရေများ ပေးဝေလျက်ရှိကြောင်း၊   နေပြည် တော်ကောင်စီ      နယ်မြေတွင် ဦးစားပေး  ဆောင်ရွက်နေသည့် Green City ၊ Clean City၊ Smart City အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။

 


ထို့နောက်    နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့်    တာဝန်ရှိ သူများသည် တစ်ဧက တင်း ၁၀၀ နှုန်း   ထွက်ရှိရေး   စံပြကွက် ဧက ၁၀၀ စိုက်ပျိုးပြီးစီးမှု အခြေအနေ ကို ကြည့်ရှုအားပေးသည်။ 

 


ပြည်ထောင်စု     နယ်မြေ လယ်ဝေးမြို့နယ်အတွင်း   ဆည် ကန်     စုစုပေါင်း   ၁၃  ခုမှ    မိုး၊ ဆောင်းနှင့်    နွေရာသီအလိုက် သီးနှံစိုက်ဧရိယာ      စုစုပေါင်း  ဧက ၁၉၀၀၀၀ ကျော်ရှိပြီး နှစ်စဉ် မိုးစပါးစိုက်    ဧရိယာ  ၆၀၀၀၀ ကျော်နှင့်    နွေစပါး ဧက  ၁၃၀၀၀ ကျော်   စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ဧက  ၅၅၇၃၀၊   ၈၉ ဒသမ ၆၇  ရာခိုင်နှုန်း စိုက်ပျိုး ပြီးစီးကြောင်း သိရသည်။  

 
မြို့နယ်(ပြန်/ဆက်)