လူဦးရေသန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်းကျော်ရှိ

 

မနီလာ   ဒီဇင်ဘာ   ၁၃      
ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၁၃  ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၃၆၀ တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း   ၂၈၃၆၈၀၃ ဦးအထိ  ရှိလာခဲ့ကြောင်း   ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က  သတင်းထုတ်ပြန်ဖော်ပြ လိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၆၁  ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၅၀၃၄၁ ဦးအထိ ရှိလာခဲ့သည်။ 
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉   စတင်ဖြစ်ပွားချိန်မှစကာ ဖိလစ်ပိုင် နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက်သုံးခု ရိုက်ခတ်ခြင်း ကို ခံခဲ့ရသည်။  နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက် သူ ၂၆၃၀၃ ဦးဖြင့်   တစ်နေ့တည်း   ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံ၌  လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း ကျော်ရှိလာပြီဖြစ်သည်။                     
ဆင်ဟွာ