
နေပြည်တော် မေ ၂၁
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီ က ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် ကြိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နည်းဗျူဟာများ ချမှတ်နိုင်
ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင် စာရင်းကောက်ယူခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ်ရှိရန် နှင့် လိုအပ်သောမူဝါဒများ၊ စီမံ ကိန်းများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင် ရေးအတွက် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦး ရေ ၅၆ သန်းကျော်နှင့် ခန့်မှန်း အိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက် ထားရာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မြေပြင်ကွင်းဆင်း ရေးဆွဲမှုအရ သန်းခေါင်စာရင်း ယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက် ပေါင်း ၁၁၀၀၀၀ ခန့် ရှိမည်ဖြစ်ပါ ကြောင်း။
တစ်အိမ်တက်ဆင်း
ကောက်ယူမည်
သန်းခေါင်စာရင်း ကောက်ယူ ရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာ ထားပြီး ရှမ်းပြည်နယ်အနေဖြင့် သန်းခေါင်စာရင်းယူနစ် ၁၈၀၀ ခန့် ကို ကောက်ကွက်ပေါင်း ၁၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၅၀၀၀ ခန့်ဖြင့် ကောက်ယူရန် လျာထားပါ ကြောင်း၊ ရှမ်းပြည်နယ်အတွင်းသို့ ကယားပြည်နယ်မှ နေရပ်စွန့်ခွာ ပြည်သူများ ဝင်ရောက်နေထိုင်မှုရှိ သည့်အတွက် ၎င်းတို့ကို ကောက်ယူ နိုင်ရေးအတွက်လည်း ကြိုတင် စီစဉ်ဆောင်ရွက်ထားရန် လိုအပ် မည် ဖြစ်ပါကြောင်း၊ စာရင်း ကောက်ယူရာတွင် တွေ့ရှိရာအရပ် ၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြု၍ စာရင်းကောက် များက ကွန်ပျူတာအထောက် အကူပြု လူတစ်ဦးချင်းကောက်ယူ သည့်စနစ် (Computer Assisted Personal Interviews - CAPI) စနစ်ဖြင့် Tablet များ အသုံးပြု ကောက်ယူဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ စာရင်းကောက်ယူခြင်း ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက် မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေ မှလွဲ၍ လမ်းခရီးအခက်အခဲ ကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံ တိုးမြှင့်ကောက်ယူ နိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက် ထားကြရန်လည်း လိုကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင် ယံအချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ မေးခွန်း ၁၈ ခုကို တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူမည် ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ များအပါအဝင် နေရာအားလုံးအား ကောက်ယူနိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်အတွက် မဖြစ်မနေဆောင် ရွက်ရမည့် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်နှင့် အညီ လုပ်ငန်းစဉ်အောင်မြင်ရေး အတွက် အားလုံးကဝိုင်းဝန်းကူညီ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ရှင်းလင်းပြောကြား
ထို့နောက် ရှမ်းပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းမှု၊ လက်ရှိ လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်သူ့အင်အားဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင် စာရင်းကောက်ယူခြင်းမှ ရရှိနိုင် မည့်အချက်အလက်များ၊ လူဦးရေ ပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ သန်းခေါင်စာရင်း အချက်အလက် များမှ ဖော်ထုတ်ချက်အကျဉ်းချုပ် တို့ကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်း နှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသ မည့် ပြည်သူလူထုအသိပညာပေး TV Spot များကို ပြသသည်။
ဆက်လက်၍ တက်ရောက် လာကြသူများက သန်းခေါင်စာရင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိရှိ လိုသည်များကို မေးမြန်းဆွေးနွေး ကြရာ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခိုင်ခိုင်စိုးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် ဗဟိုသန်းခေါင် စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင် စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည် နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းသော်ဝင်းက လက်ခံ ရယူပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း တွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသလာမှုကို ကြည့်ရှု အားပေးကာ တက်ရောက်လာကြ သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်