လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ

 

နေပြည်တော်   မတ်   ၂၇


၂၀၂၄ ခုနှစ်  လူဦးရေနှင့်    အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာ ပေး ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နေပြည်တော် (တပ်ကုန်း)  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ  Radio Dubbing Studio(1)တွင် ကျင်းပရာ  နေပြည်တော် (ပျဉ်းမနား) အထက (၂)၊ နေပြည်တော် (လယ်ဝေး) အထက (၁)၊ နေပြည်တော် (ဇေယျာသီရိ) အထက (၁)၊ နေပြည်တော် (တပ်ကုန်း) အထက (၁)နှင့် အထက (၂)တို့မှ  ကျောင်းသား ကျောင်းသူ ငါးဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။(ယာပုံ) 
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ  အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် (၁၄) နှစ်မှ (၁၇)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ငါးဦးတို့က Round တစ်ခုလျှင် လူဦးရေနှင့်  အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ပညာရပ်မေးခွန်းနှစ်ခုနှင့်ရေဒီယိုမှ ထုတ်လွှင့် သည့်အစီအစဉ်ပိုင်းဆိုင်ရာ မေးခွန်းနှစ်ခု စုစုပေါင်း  မေးခွန်း လေးခုစီဖြင့် Round လေးခုတွင် ယှဉ်ပြိုင် ဖြေဆိုကြခြင်းဖြစ်သည်။ 
ထိုသို့ယှဉ်ပြိုင်ကြရာ ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ပထမဆုကို နေပြည်တော် (တပ်ကုန်းမြို့) အထက (၂) Grade -9 မှ  မောင်ဝေယံလင်းက လည်း ကောင်း၊ ဒုတိယဆုကို နေပြည်တော် (ဇေယျာသီရိမြို့) အထက (၁) Grade-9 မှ    မောင်အောင်လင်းခန့်က လည်းကောင်း၊ တတိယဆုကို နေပြည်တော်(တပ်ကုန်း မြို့) အထက (၁) Grade-9 မှ မနန်းမိုခမ်းက လည်း ကောင်း၊ အထူးဆု (၂)ဆုကို နေပြည်တော် (လယ်ဝေး မြို့) အထက(၁)  Grade-6 မှ   မကြယ်စင်သန့်နှင့် နေပြည်တော် (ပျဉ်းမနား) အထက(၂) Grade-8 မှ  မောင်ဟိန်းကိုကိုဇော်တို့က  လည်းကောင်း   ရရှိခဲ့ကြ သဖြင့် ဆုရရှိကြသူများအား မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန် ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။ 
အဆိုပါ    လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာ ပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ   ပြိုင်ပွဲကျင်းပမှုကို (၂၇-၃-၂၀၂၄) ရက်နှင့် (၂၈-၃-၂၀၂၄)ရက်နေ့ည မြန်မာ့အသံရေဒီယိုမှ ပြည်တွင်းသတင်းများ ကြေညာ အပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။ 
အဆိုပါ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူမှုလုပ်ငန်းကို     အများပြည်သူ စိတ်ဝင်စားမှုပိုမိုရရှိပြီး  ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး   အသိပညာမျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့်ပေးနိုင်ရေး ရည်ရွယ် ချက်များဖြင့်   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲ ငါးကြိမ်ကျင်းပမည်ဖြစ် ပြီး တစ်ကြိမ်စီမှ ပထမနှင့် ဒုတိယဆုရရှိသူ နှစ်ဦးစီ ဖြင့် စုစုပေါင်း ၁၀ ဦးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း  ကျင်းပမည့်  လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ဆိုင်ရာ ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။                   

သတင်းစဉ်