
အောင်ပန်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း ကလော မြို့နယ် အောင်ပန်းမြို့ တောင်ပို့လှ ကျေးရွာ၌ လူဦးရေစုစုပေါင်း ၄၀၀၀ ခန့်သာ ရှိတော့သော ထနော့ တိုင်းရင်းသားမျိုးနွယ်စု နေထိုင်လျက်ရှိသည်။ ရှမ်းပြည် နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကဦးစီး၍ တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ရှမ်းပြည် နယ်လူမှုဝန်ထမ်းဦးစီးဌာန အိမ် တွင်းသက်မွေး ပညာသင်ကျောင်း (ရွာငံ)တို့ ပူးပေါင်း၍ တိုင်းရင်း သားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စစ်တမ်း ရလဒ်များကို အခြေခံကာ အိမ်တွင်းမှုသင်တန်းများပေးအပ် ရန် ဆောင်ရွက်ခဲ့သည်။ ယခုအခါ ရှမ်းပြည်နယ်အတွင်း အဆိုပါကျေးရွာအတွက် အခြေခံစက်ချုပ် ပညာသင်တန်းကို တစ်လတာ ဖွင့်လှစ်လျက်ရှိပြီဖြစ်သည်။
အဆိုပါ အခြေခံစက်ချုပ် ပညာသင်တန်း ဖွင့်ပွဲအခမ်း အနားကို ဇန်နဝါရီ ၆ ရက် နံနက် ၁၀နာရီတွင် ကျင်းပရာ ရှမ်းပြည် နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းက ကြိုဆို နှုတ်ခွန်းဆက် အမှာစကား ပြော ကြားပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ထောက်ပံ့သော အပ်ချုပ် စက်နှင့် ဆက်စပ်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခြင်းနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းရင်းနှင့် ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို တိုင်းရင်း သားလူမျိုးများ၏ ဒေသအတွင်း ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာများ တိုးတက်ဖြစ် ထွန်းလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိပြီး လူမှု စီးပွားဘဝ မြင့်မားတိုးတက် ရေး ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီ ၅ရက်အထိ တစ်လ ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။
သွန်း