လူတစ်ဦးချင်း ဆီစားသုံးမှု မြင့်မားလျက်ရှိသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုပုံစံ ပြောင်းလဲကျင့်သုံးရန်လို

 

နေပြည်တော်   နိုဝင်ဘာ   ၁၁


စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင်   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးတွင်    စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက   လူတစ်ဦးချင်း  ဆီစားသုံးမှု မြင့်မားလျက်ရှိသည့်အတွက်    ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှုပုံစံ  ပြောင်းလဲကျင့်သုံးရန် လိုအပ်လျက်ရှိပြီး  တစ်ဖက်တွင်လည်း  ပြည်တွင်း၌ ဆီထွက်သီးနှံများ      တိုးမြှင့်စိုက်ပျိုးထုတ်လုပ်၍ ပြည်တွင်းစားသုံးဆီ  ထုတ်လုပ်မှု တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်     ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်ပမှ  စားသုံးဆီတင်သွင်းမှုကို  လျှော့ချ နိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအလိုက်   တင်သွင်းရ မည့်   ပမာဏလျာထားသတ်မှတ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို   ဝန်ကြီးဌာနမှချမှတ်ပေး သည့် မူဘောင်အတွင်းမှ  ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ စားသုံးဆီများကို အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ  တင်သွင်းပြီး ဈေးကွက်၌ ဖြစ်သင့်ဖြစ်ထိုက်သည့်    ဈေးနှုန်းဖြင့်      ဖြန့်ဖြူး ရောင်းချရေးကို    စားသုံးဆီ   တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း      ကြီးကြပ်ရေးကော်မတီနှင့် Supply  Chain တစ်လျှောက်ရှိ     သက်ဆိုင်ရာ Stakeholder များအားလုံးမှ တာဝန်ယူမှု၊ တာဝန်ခံ မှုဖြင့် ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။ 

 


ထို့နောက် အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေး မှူးချုပ်နှင့်  စားသုံးဆီတင်သွင်း  သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း  ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက စားသုံးဆီတင်သွင်း  သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သင့်သည့် အစီအမံများကို  ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြ ကြရာ      ပြည်ထောင်စုဝန်ကြီးက      စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ    လုပ်ငန်းစဉ် တစ်လျှောက် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်  ဝိုင်းဝန်းဆွေးနွေးအကြံ ပြုခဲ့သူများကို  ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့စားသုံးသူများ၏ ကျန်းမာရေး နှင့်   ဘေးအန္တရာယ်ကင်းရှင်းမှုကို   အလေးထား ဆောင်ရွက်သွားရန်    လိုအပ်ပါကြောင်း၊  စားသုံးဆီ တင်သွင်းမှုကို   နှစ်အလိုက် လျှော့ချခြင်း၊ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုကို       အားပေးမြှင့်တင်ခြင်း၊ အရည်အသွေးပိုင်းဆိုင်ရာ  ကိစ္စရပ်များကို စနစ်တကျ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ခြင်း၊ Consumer Pack ဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဦးစားပေးဆောင် ရွက်ခြင်းအားဖြင့်    ပြည်သူများ   ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှု   အလေ့အကျင့်ကောင်း များ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 


အစည်းအဝေးသို့  စားသုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။          

သတင်းစဉ်