
နေပြည်တော် နိုဝင်ဘာ ၃၀
စံပြကျေးရွာ (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းတွင်ပါဝင်သော နေပြည်တော် လယ်ဝေးမြို့နယ် သော်မော်ကုန်း ကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
သင်တန်းတွင် ဆပ်ပြာရည်၏ အခြေခံသဘောတရားများ ရှင်းလင်းဆွေးနွေးခြင်းနှင့် ဆပ်ပြာရည်အမျိုးမျိုး၊ ရေချိုးဆပ်ပြာ၊ ဆပ်ပြာခရင်(မ်)၊ ခေါင်းလျှော်ရည်နှင့် လက်သန့်ဆေးရည်ပြုလုပ်ခြင်းတို့ကို စာတွေ့/လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၃၀ ရက် မှ ဒီဇင်ဘာ ၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်