
နေပြည်တော် မတ် ၂၁
တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့ ပူးပေါင်းကျင်းပသည့် “လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်း ပညာသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်း၊ အမှုထမ်း များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ယခုဖွင့်လှစ်ခဲ့သည့် သင်တန်း သည် မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများ လူသုံးကုန်ပစ္စည်း များ ထုတ်လုပ်သည့် နည်းပညာ များကို သင်ယူတတ်မြောက်စေ ရန်၊ တတ်မြောက်လာသည့် နည်း ပညာကို ဖန်တီးအသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာ ချောင်ချိရေးအတွက် နောင် တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေး စား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သင်တန်းပြီးမြောက် အောင်မြင် သွားပြီဖြစ်ပါကြောင်း၊ ယခု သင်တန်းမှ သင်ကြားပေးလိုက် သော ပညာရပ်များ၊ နည်းပညာ များမှတစ်ဆင့် မိမိဘာသာ ဆင့်ပွားဆန်းသစ်တီထွင်၍ ပိုမို အရည်အသွေးမြင့်မားသည့် ကုန် ပစ္စည်းများဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပြီး ဈေးကွက်သို့ တင်ပို့ နိုင်မည်ဆိုပါက အချိန်တိုအတွင်း မိသားစုစီးပွားရေး တိုးတက်နိုင် မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါ ကြောင်း၊ သင်တန်းသူ သင်တန်း သားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်း ပညာ၊ ဗဟုသုတများကို အသုံးချ၍ ကိုယ်ပိုင်အသေးစား၊ အငယ်စားမှ သည် အလတ်စားလုပ်ငန်းများ ထူထောင်ကာ မိသားစုစီးပွားရေး အတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ဆောင်ရွက်နိုင်ရုံ သာမက ဝင်ငွေတိုးပွားပြီး ဘာသာ သာသနာအကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုသင်တန်း မှ လေ့လာသင်ယူခဲ့ရသည့် နည်း ပညာရပ်များသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်း သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အုတ် တစ်ချပ်သဲတစ်ပွင့် ဖြစ်ပါစေ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက သင်တန်းနည်းပြများ အား ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က သင်တန်းဆင်းလက်မှတ် များကို ပေးအပ်သည်။
ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူကို ပြည်ထောင်စုဝန်ကြီးက လည်း ကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူကို ဒုတိယဝန်ကြီးက လည်းကောင်း၊ တတိယဆုရရှိ သည့် သင်တန်းသားကို အမြဲတမ်း အတွင်းဝန်က လည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦး က ကျေးဇူးတင်စကားပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် သင်တန်းသား သင်တန်းသူများမှ ထုတ်လုပ်ထား သည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရ သည်။
သတင်းစဉ်