လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြပြီး အထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို ကြင်နာနွေးထွေးစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်

 

နေပြည်တော်   ဧပြီ   ၁ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ယနေ့နံနက်ပိုင်း တွင် ဇနီး ဒေါ်ကြူကြူလှ၊   ခရီးစဉ်တွင် လိုက်ပါလာသည့်  အဖွဲ့ဝင်များနှင့်  ဇနီး များ၊    ရခိုင်ပြည်နယ်    ဝန်ကြီးချုပ် ဦးထိန်လင်း၊  အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ ၍ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ  ဘိုးဘွား ရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ      ပေးအပ် လှူဒါန်းသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊   အဖွဲ့ဝင်များအား  ဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က      ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ၏ အချက်အလက်များနှင့် သမိုင်းအကျဉ်း၊           ဘိုးဘွားများ၏ စားသောက်နေထိုင်ရေးနှင့်  ကျန်းမာရေး ဆိုင်ရာများကို စောင့်ရှောက်ဆောင်ရွက် ပေးလျက်ရှိမှု၊   ဘိုးဘွားရိပ်သာအတွက် အလှူရှင်များက  လှူဒါန်းလျက်ရှိသကဲ့သို့ နိုင်ငံတော်မှလည်း      နှစ်စဉ်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိမှု၊   ဘိုးဘွားရိပ်သာ တွင်      ဂိလာနအဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန်   လိုအပ်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ  မေးမြန်း ပြီး  ဘိုးဘွားရိပ်သာ၏  လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဘိုးဘွား များ၏  ကျန်းမာရေး၊  နေထိုင်ရေးနှင့် စားသောက်နေထိုင်ရေးတို့ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကို လမ်းညွှန် မှာကြားပြီး  ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

 


နွေးထွေးစွာနေနိုင်အောင်ဆောင်ရွက်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်  စကားပြောကြားရာတွင် ဗုဒ္ဓဘာသာတွင်သာမက  အခြားဘာသာ များတွင်လည်း   မိမိတို့ထက်   အသက် အရွယ်ကြီးရင့်သူများကို ပြုစုစောင့်ရှောက် ခြင်းသည် ကောင်းမွန်သည့် ဆောင်ရွက် ချက်ဖြစ်ကြောင်း၊        ဘိုးဘွားများကို စောင့်ရှောက်လျက်ရှိသူများ  အနေဖြင့် ဘိုးဘွားများ ကိုယ်စိတ်နှလုံးရွှင်လန်းစွာဖြင့်   နေထိုင်စေရေးဆောင်ရွက်ပေးရန် လိုကြောင်း၊ ဘိုးဘွားများအနေဖြင့်လည်း မိမိတို့ဘဝအတွက် အကောင်းဆုံး အခြေ အနေကိုရောက်ရှိနေပြီဟု  နှလုံးသွင်းပြီး ကုသိုလ်ဘာဝနာများ ပွားများ၍ စိတ်နှလုံး ရွှင်လန်းစွာဖြင့် နေထိုင်နိုင်ရန်လိုကြောင်း၊ လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြကြောင်း၊ အထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက် အရွယ်ကြီးရင့်သူများကို နွေးထွေးစွာဖြင့် နေထိုင်နိုင်အောင်  ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊        စိတ်ကျန်းမာမှသာ ကိုယ်ကျန်းမာမှုကို    အထောက်အကူပြု မည်ဖြစ်ပြီး  ယခုကဲ့သို့  ဘိုးဘွားများကို ကျန်းမာစွာဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊       ယခုထက် အသက်ရှည် ကျန်းမာစွာဖြင့် နေထိုင်နိုင် ကြစေရန် ဂါရဝပြု ဆုမွန်ကောင်းတောင်း ပါကြောင်း ပြောကြားသည်။

 


ဂါရဝပြုပေးအပ်လှူဒါန်း


ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် နှင့်   ဇနီးတို့က  သက်ကြီးဘိုးဘွားများ အတွက်      အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ကို   တစ်ဦးချင်း   လက်ရောက်ဂါရဝပြု ပေးအပ်လှူဒါန်းပြီး        ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ  ပြောကြား သည်။ ဆက်လက်ပြီး တက်ရောက်လာကြ သည့်  အဖွဲ့ဝင်များနှင့် ဇနီးများကလည်း သက်ကြီးဘိုးဘွားများအား  အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်        အသုံး အဆောင်ပစ္စည်းများကို  ပေးအပ်လှူဒါန်း ကြသည်။

 


ယင်းနောက်      အဘိုးအဘွားများ ကိုယ်စား  အသက် ၉၃ နှစ်ရှိ  အဘွား ဒေါ်မစောခိုင် က    ကျေးဇူးတင်ဝမ်းမြောက်  စကားပြောကြားရာတွင်      ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်     ဇနီးတို့က   သက်ကြီးဘိုးဘွားများအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့်     အသုံး အဆောင်ပစ္စည်းများကို    ကိုယ်တိုင် ကိုယ်ကျ      လာရောက်လှူဒါန်းသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်းနှင့်  ဆုမွန်ကောင်းစကား များ  ပြန်လည်ပြောကြားသည်။

 


မှတ်တမ်းတင်လက်မှတ်ရေးထိုး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် သည်    ရခိုင်ပြည်နယ်   ဘိုးဘွားရိပ်သာ ဧည့်သည်တော်   မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်   လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် နှင့်   အဖွဲ့ဝင်များသည်   ဘိုးဘွားရိပ်သာ အတွင်းရှိ      စားရိပ်သာနှင့်      ဘိုးဘွားအိပ်ဆောင်များအတွင်း    လှည့်လည် ကြည့်ရှု၍    ဘိုးဘွားများ    စိတ်အေး ချမ်းမြေ့စွာဖြင့်   နေထိုင်နိုင်ရေး   လိုအပ် သည်များကို   ဆောင်ရွက်ပေးနိုင်ရန်  တာဝန်ရှိသူများကို          မှာကြားကာ ကျန်းမာရေး အခက်အခဲကြောင့် အခမ်း အနားသို့  တက်ရောက်နိုင်ခြင်းမရှိသည့် သက်ကြီးဘိုးဘွားများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်        အားပေးစကား ပြောကြားသည်။

 


အလှူငွေပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် စုပေါင်းအလှူငွေများကို    ပေးအပ်ရာ ရိပ်သာကော်မတီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
အဆိုပါ   ရခိုင်ပြည်နယ်   ဘိုးဘွား ရိပ်သာကို  ၁၉၈၄ ခုနှစ်တွင်   သင်္ဂနက် ကျေးရွာ၌     စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် စစ်တွေမြို့ မေယုလမ်း  ဓညဝတီ(က) ရပ်ကွက်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိပ်သာတွင် အဘိုး ကိုး ဦး၊ အဘွား ၃၂ ဦး တို့ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အသက်အကြီးဆုံး အဘွားမှာ ၉၃ နှစ်ဖြစ် ပြီး အသက်အကြီးဆုံး အဘိုးမှာ ၈၆ နှစ် ဖြစ်ကြောင်းနှင့်            ဘိုးဘွားများ၏ စားသောက်နေထိုင်ရေး၊   ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ  စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်း ရရှိသည်။                              

သတင်းစဉ်