လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ပိတ်ဆို့ထားသည့် အာဖဂန်ပိုင်ငွေကြေးအချို့ကို အမေရိကန်မှ လွှဲပြောင်းပေးတော့မည်

 

ဝါရှင်တန်  ဖေဖော်ဝါရီ  ၁၃


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သည်   အမေရိကန် ပြည်ထောင်စုအတွင်းရှိနေသည့် အာဖဂန် နစ္စတန်  ဗဟိုဘဏ်မှပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုတစ်စိတ် တစ်ဒေသကို  အာဖဂန်နစ္စတန်နိုင်ငံရှိ      ပြည်သူများ အတွက်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးချဲ့ရာတွင် အသုံးပြုသွားရန် ဆုံးဖြတ် ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က ပြောသည်။  

 

ဖေဖော်ဝါရီ   ၁၁   ရက်က အာဖဂန်နစ္စတန်တွင်  လူသားချင်း စာနာထောက်ထားမှု   ဆိုင်ရာ အကျပ်အတည်းများကို ပြန်လည် သုံးသပ်ရန်အတွက်    အမိန့်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က  လက်မှတ်ရေးထိုးခဲ့သည်။ 

 


ဒီအေဘီဘဏ်  ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ မှာ တာလီဘန်များ  အာဏာရရှိ ပြီးကတည်းက  အမေရိကန်တွင် ပိတ်မိနေခဲ့သည်။  အဆိုပါ ပိုင်ဆိုင် မှု၏  ထက်ဝက်ခန့်   ၃ ဒသမ ၅ ဘီလီယံကို  အာဖဂန်ပြည်သူများနှင့်အာဖဂန်နိုင်ငံ၏    အနာဂတ် အတွက်    အသုံးပြုမည်ဟု အမေရိ ကန်သမ္မတ   ဂျိုးဘိုင်ဒင်   အစိုးရ အဖွဲ့က ပြောသည်။

 


လာမည့်     လအနည်းငယ် အတွင်း  ယုံကြည်ရသည့် ရန်ပုံငွေ ကို     စတင်ထူထောင်မည်ဟု အာဏာပိုင်များက ပြောသည်။  
ငွေကြေးများကို   မည်သို့သုံးစွဲ သွားမည်ကို     ဆွေးနွေးတိုင်ပင် မှုများပြုလုပ်မည်ဟု  အာဏာပိုင် များက ပြောသည်။ 


အင်န်အိတ်ချ်ကေ