လူငယ်နှင့် စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည်

 

 

နေပြည်တော် ဇန်နဝါရီ   ၇


(၇၅)နှစ်မြောက်     စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် အခမ်းအနားကျင်းပရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယနေ့နံနက် ၁၀ နာရီတွင်   နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန  စုဝေးခန်းမ၌ ကျင်းပသည်။

 


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  စိန်ရတုပြည်ထောင်စုနေ့အကြို လူငယ်နှင့်  စာပေပွဲတော်  အခမ်း အနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်း၊  ဒုတိယဥက္ကဋ္ဌများဖြစ် ကြသော   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ညွန့်ဖေနှင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ အတွင်းရေး မှူးနှင့်ကော်မတီ   အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ      တက် ရောက်ကြသည်။

 


လူငယ်နှင့် စာပေပွဲတော်ဟု အမည်ပေး


ရှေးဦးစွာ     ကျင်းပရေးဦးစီး ကော်မတီ  ဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းက ပြန်ကြားရေး  ဝန်ကြီးဌာနအနေ ဖြင့် နှစ်စဉ်စာပေပွဲတော် အခမ်း အနားများ  ကျင်းပခဲ့သည့်အစဉ် အလာရှိသည်နှင့်အညီ   ယခုနှစ် တွင်လည်း  စာပေပွဲတော်တစ်ခုကို ကျင်းပမည်ဖြစ်ပါကြောင်း၊  ယခု နှစ်  ကျင်းပမည့်  စာပေပွဲတော်အား လူငယ်များ၏   အခန်းကဏ္ဍကို ဦးစားပေးသည့်အနေဖြင့်    လူငယ် နှင့် စာပေပွဲတော်ဟု အမည်ပေး ထားပါကြောင်း။

 


နိုင်ငံတော်   ဝန်ကြီးချုပ်က လူငယ်များအား  အလေးထားပါ ကြောင်း၊ လူငယ်နှင့် စာပေပွဲတော် အခမ်းအနားသို့  တက်ရောက်လာ သည့်     လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာစေရေးအတွက်  အစီ အစဉ်များ  ထည့်သွင်းကျင်းပသွား မည်ဖြစ်ပါကြောင်း၊   လူငယ်နှင့် စာပေပွဲတော်ကို   ပြန်ကြားရေး ဝန်ကြီးဌာန၊   ပညာရေးဝန်ကြီး ဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့         ပူးပေါင်း၍    ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက် တို့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌   ကျင်းပသွား မည် ဖြစ်ပါကြောင်း၊  ယခုကျင်းပ မည့်  လူငယ်နှင့်  စာပေပွဲတော် ကို  (၇၅)နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ကို      ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့်    ကျင်းပ ခြင်းလည်း ဖြစ်ပါကြောင်း။

 


ပွဲတော်ကျင်းပရာတွင် မိမိတို့ ဝန်ကြီးဌာနက       စာပေနှင့် ပတ်သက်၍ စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်  ဖွင့်လှစ်၍ စာအုပ်၊   စာစောင်များ  ရောင်းချ ခြင်း၊   စာရေးဆရာကြီးများ၏ ဓာတ်ပုံများ ခင်းကျင်းပြသခြင်း ၊ ကလေးစာဖတ်ခန်း  ဖွင့်လှစ်ပေး ခြင်း ၊ လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်း၊   သမိုင်းဝင်စာချုပ် စာတမ်းများ၊    မှတ်တမ်းများ ခင်းကျင်းပြသခြင်း၊  အားကစား လှုပ်ရှားမှုပြခန်း၊ ကာတွန်းဓာတ်ပုံ ပြခန်းပြသခြင်းနှင့်     သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြခန်းများ ပြသခြင်းများ   ဆောင်ရွက်မည်  ဖြစ်ပါကြောင်း၊ ထူးထူးခြားခြား အနေဖြင့်     မြန်မာနိုင်ငံ လေကြောင်း   ဝါသနာရှင်များ အသင်း၏ လေကြောင်းပညာရပ် ဆိုင်ရာ သရုပ်ပြသခြင်းကိုလည်း ထည့်သွင်းထားပါကြောင်း။

 


ကလေးများ   ပျော်ရွှင်စေရန် ဖျော်ဖြေရေး    အစီအစဉ်များ၊ စကားပုံဆက်၊    အရုပ်ဆက်၊ ဆေးရောင်ခြယ်၊    အိမ်ဆောက် ကစားခြင်း ပြိုင်ပွဲများ၊ အသင်း အဖွဲ့အလိုက်    ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ပြီး   လူငယ်ကဏ္ဍ တွင်    အရှေ့တောင်    အာရှ    အားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့်  အားကစားသမား များ၏   လေ့ကျင့်နေမှုများနှင့် အားကစားကဏ္ဍ၏  အရေးပါပုံ များကိုလည်း   ပြသမည်ဖြစ်ပါ ကြောင်း၊ ပွဲတော်ကို ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ   ကျင်းပ သွားမည်ဖြစ်ပြီး လူငယ်နှင့် စာပေ ပွဲတော် အောင်မြင်စွာကျင်းပနိုင် ရေးအတွက်   အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုပါကြောင်း   ပြောကြားသည်။

 


ထို့နောက်   ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ   ဦးမင်းသိန်းဇံက ယခုနှစ် ကျင်းပသည့်  လူငယ်နှင့် စာပေပွဲတော်တွင် မိမိတို့ဝန်ကြီး ဌာနက  ပူးပေါင်းပါဝင်ခွင့်ရသည့် အတွက်   ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း၊ ယခုကျင်းပမည့်  အခမ်း အနားသည် လူငယ်များ၏ အခန်း ကဏ္ဍကို  မြှင့်တင်ဖော်ဆောင်ပေး မည့်   အခမ်းအနားတစ်ခုဖြစ်ပါ ကြောင်း    ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက် တွဲဖက်အတွင်း ရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်   ဦးအေးကြွယ်နှင့် အားကစားနှင့်  ကာယပညာဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က    ပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်၊ ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ဖွဲ့စည်းခြင်းများ ၊ ပြခန်းများ  ခင်းကျင်းပြသခြင်း၊ ဖျော်ဖြေပွဲများနှင့်  အခမ်းအနား အောင်မြင်စွာ    ကျင်းပနိုင်ရေး အတွက်   ဆောင်ရွက်သွားမည့် အစီအမံများကို  ရှင်းလင်းတင်ပြ ကြသည်။

 


ဆက်လက်၍  ပြန်ကြားရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်   ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဦးဇော်ဝင်း တို့က ပွဲတော်စည်စည်ကားကား သိုက်သိုက် ဝန်းဝန်းဖြစ်စေရေးနှင့် ကျောင်းသားလူငယ်များ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ပျော်ပျော်ရွှင်ရွှင်၊လွတ်လွတ်လပ်လပ်    ပါဝင်ဆင်နွှဲနိုင်သည့်  ပွဲတော်တစ်ခု ဖြစ်စေရေး   လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။

 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက (၇၅)နှစ်မြောက်       စိန်ရတု ပြည်ထောင်စုနေ့  အထိမ်းအမှတ် လူငယ်နှင့်        စာပေပွဲတော် အောင်မြင်စွာ      ကျင်းပနိုင်ရေး အတွက် ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ်  အမှာစကားပြောကြားပြီး အခမ်းအနားကို     ရုပ်သိမ်းလိုက်သည်။

 


ကျင်းပသွားမည်


စိန်ရတု    ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေ ပွဲတော်ကို      မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့်     ကလေးများနှင့် လူငယ်များ၏  ဉာဏ်ရည်ဉာဏ် သွေးနှင့် အတွေးအခေါ် အယူအဆ များ      ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်း ပါဝင်တတ်သည့်   အလေ့အထ ကောင်းများ    ရရှိလာစေရန်၊ လူငယ်များ၏  တီထွင်ဖန်တီးလို စိတ်ရင့်သန်လာစေရန်နှင့် စာပေ ဖတ်ရှုလေ့လာလို စိတ်မြင့်မားလာ စေရန်၊  အသိပညာ၊ အတတ်ပညာ နှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊  ဉာဏ၊  စာရိတ္တ၊  မိတ္တ ၊ ဘောဂ ဗလငါးတန်  မြှင့်တင်ပေး နိုင်ရန်နှင့် အနာဂတ် မြန်မာ့လူ့ ဘောင် အဖွဲ့အစည်းအား  ၎င်းတို့ ၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည် ဖော်နိုင်ရန်ဟူသည့် ရည်ရွယ်ချက် များနှင့်     ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်