
နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ် များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြား သည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင် စန်း၊ ဦးဝဏ္ဏမောင်လွင်၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်း မောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများနှင့် ၂၀၂၃-၂၀၂၄ ပညာသင် နှစ် လူရည်ချွန် မောင်မယ်များ၊ ကင်းထောက်လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်းလူငယ်နှင့်လေကြောင်း လူငယ်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လူရည်ချွန်မောင်မယ်များ က အခမ်းအနားဖွင့်လှစ်ခြင်းအဖြစ် “လင်းလက် ကြယ်များ တောက်ပချိန်” အစီအစဉ်ကို စက်ခလုတ် နှိပ်၍ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်းအား သံပြိုင် သီဆို၍ နိုင်ငံတော်အလံကို အလေးပြုကြသည်။
ကြည့်ရှုအားပေး
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ဘဝအမွန် လူရည်ချွန်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “အနာဂတ် နိုင်ငံတော်အတွက် အားထားရမည့် လူရည်ချွန် မောင်မယ်များ” Video Clip ကို ကြည့်ရှုအားပေးကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဝါဒ စကားပြောကြားရာတွင် မောင်တို့မယ်တို့လူငယ်များ သည် ပြည့်ခွန်အားများဖြစ်သကဲ့သို့ နိုင်ငံတော် တည်ဆောက်ရေးအတွက်အရေးကြီးသည့် လူ့စွမ်းအား အရင်းအမြစ်များလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူ ကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည်ပေါ် တွင် များစွာမူတည်နေကြောင်း၊ ထို့ကြောင့် လူငယ် မောင်မယ်များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝ ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင် သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ် ကြိုးပမ်းအားထုတ်သွားကြရမည် ဖြစ်ကြောင်း။
လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ပေး
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန် အတွက် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော် လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောကြား လိုကြောင်း။
ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာ များနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီး ကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရန် လိုအပ် ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီး လိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန် ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရ မည်ဖြစ်သကဲ့သို့ ဥပဒေကိုသိရှိလေးစားလိုက်နာတတ် ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာပြုမူနေထိုင်တတ်စေရန်လည်း လမ်းပြ သွန်သင်ပေးသွားကြရမည်ဖြစ်ကြောင်း။
မောင်တို့မယ်တို့အပါအဝင် လူငယ်အားလုံး ပညာ သင်ယူလေ့လာသည့်အခါတွင် စာပေဘာသာ ရပ်များကို တတ်မြောက်ထူးချွန်ရုံသာမကဘဲ စာပေ ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်များအတိုင်း ဘက်ပေါင်းစုံက ထူးချွန်ထက်မြက်အောင် ကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းတတ်ရန်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ် ထိန်းသိမ်းတတ်ရန်၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြု ရန်၊ လူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်သည့် စိတ်ဓာတ်၊ ကောင်းမွန်သည့် အလေ့အကျင့်များနှင့် ဝင်ဆံ့အကျိုးပြုနိုင်ရန်၊ နိုင်ငံ့သားကောင်းမှသည် ကမ္ဘာ့သားကောင်းဖြစ်ရန် စသည့်အရည်အသွေးများ နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်ရန် လေ့လာသင်ယူပြီး လိုက်နာ ကျင့်သုံးသွားကြခြင်းဖြင့် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း။
လူရည်ချွန်များ ပြုစုပျိုးထောင်မွေးထုတ်ပေးခဲ့သည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကျင်းပခဲ့ပြီး (၂၅)ကြိမ်မြောက် ငွေရတု လူရည်ချွန်စီမံကိန်းကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ် နောက်ပိုင်း ခေတ္တရပ်နားခဲ့သည့် လူရည်ချွန်စီမံကိန်း ကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်စီမံကိန်း” အမည်ဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေ အနေများကြောင့် ခေတ္တရပ်နားခဲ့ရကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစပြီး ပြန်လည်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ထပ်ကွမ်းလူရည်ချွန်များအပါ အဝင် မောင်မယ်တို့နှင့် တွေ့ဆုံရသည့် အချိန်ကာလ ကို ရောက်ရှိလာခြင်းဖြစ်ကြောင်း။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ နဝမတန်း လူရည်ချွန် ၁၄၀၊ ဒသမတန်းလူရည်ချွန် ၁၄၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၃၇ ဦးအပြင် ဒွါဒသမတန်း ၁၃၇ ဦး၊ စုစုပေါင်း ၅၅၄ ဦး ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ ကြောင်း၊ ယခုပညာသင်နှစ်တွင် KG+12 ပညာရေး စနစ်အရ အခြေခံပညာ၏ နောက်ဆုံးအတန်း ဖြစ်သည့် ဒွါဒသမတန်းကို ဖွင့်လှစ်ခဲ့သည့်အတွက် လူရည်ချွန်ရွေးချယ်သည့်အခါ ဒွါဒသမတန်းကိုပါ ရွေးချယ်နိုင်ခဲ့ကြောင်း။
စနစ်တကျစိစစ်ရွေးချယ်ခဲ့
လူရည်ချွန် ကျောင်းသားကျောင်းသူများကို ရွေးချယ်သည့်အခါ စာပေဘာသာရပ်များကိုသာ စစ်ဆေးအကဲဖြတ်ရုံတစ်ခုတည်းမဟုတ်ဘဲ ရုပ်ပိုင်း ဆိုင်ရာကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တပိုင်းဆိုင်ရာကောင်းမွန်မှုကိုပါ စနစ် တကျ စိစစ်ရွေးချယ်ခဲ့ကြခြင်းပင်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် ကျောင်းအဆင့်၊ မြို့နယ် အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့်စိစစ်မှုကို ကျော်ဖြတ် ပြီး ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများဖြစ်သည့် အတွက် ဂုဏ်ယူသည်ကို ထပ်လောင်းပြောကြား လိုကြောင်း။
ယခုနှစ် လူရည်ချွန်မောင်မယ်များကို ယခင်နှစ် များအတိုင်း နဝမတန်းလူရည်ချွန်များကို ရှေးဟောင်း အမွေအနှစ်ဒေသ ပုဂံမြို့၊ ဒသမတန်း လူရည်ချွန်များ ကို ရှမ်းပြည်နယ် တောင်ပေါ်ဒေသ တောင်ကြီးမြို့၊ ဧကာဒသမတန်းလူရည်ချွန်များကို ဧရာဝတီတိုင်း ဒေသကြီး ပင်လယ်ကမ်းခြေငွေဆောင်မြို့သို့ စေလွှတ် သလို ဒွါဒသမတန်း လူရည်ချွန်များကို ပင်လယ် ကမ်းခြေ ချောင်းသာလူရည်ချွန်စခန်းအသီးသီးကို လေ့လာရေးခရီးစဉ် စေလွှတ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့စေလွှတ်ခြင်းအားဖြင့် ရည်ရွယ်ချက်ချမှတ် ခဲ့သည့်အတိုင်း လူရည်ချွန် မောင်မယ်များအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ အသိပညာဗဟုသုတများ ဖလှယ်နိုင်ခြင်းအပြင် လူရည်ချွန်စခန်းအခြေစိုက်ရာ ဒေသများ၏ ဒေသန္တရဗဟုသုတများရရှိခြင်း၊ ရိုးရာ ယဉ်ကျေးမှုဓလေ့များ သိရှိနားလည်ပြီး မိမိနိုင်ငံနှင့် လူမျိုးအားချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားထိန်းသိမ်း လိုစိတ်များ ကိန်းအောင်းရှင်သန်လာစေမည် ဖြစ်ကြောင်း။
စံပြလူငယ်မောင်မယ်များဖြစ်အောင်ကြိုးပမ်း
ယခုကဲ့သို့ အဆင့်ဆင့်ကျော်ဖြတ်ပြီး ထူးချွန် ထက်မြက်သည့် လူရည်ချွန်များဖြစ်လာရန် ကာယ၊ ဉာဏစွမ်းအားများနှင့် ကြိုးစားအားထုတ်ခဲ့သည့် မောင်မယ်များအနေဖြင့် မိမိတို့၏အားထုတ်ကြိုးပမ်း မှုများကို ဆက်လက်ထိန်းသိမ်းထားရန်လို ကြောင်း၊ ရှေ့ဆက်ပြီး အဖိုးတန်လူငယ်များဖြစ်စေရန်နှင့် မိမိ နေထိုင်ရာလူ့အဖွဲ့အစည်း ပတ်ဝန်းကျင်ကိုထိန်းသိမ်း စောင့်ရှောက်တတ်သည့် အလေ့အကျင့်ကောင်းများ အစဉ်အမြဲကိန်းအောင်းနေစေရန်လည်း ကြိုးပမ်း သွားကြရမည်ဖြစ်ကြောင်း၊ “မိမိကိုယ်ကို ကောင်း အောင် ကြိုးစားမည်၊ မိမိအတန်းကိုကောင်းအောင် ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစား မည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစား မည်” ဆိုသည့် ကျောင်းကောင်စီကတိကဝတ်နှင့်အညီ မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ အတွက်ပါ အကျိုးရှိသည့် စံပြလူငယ်မောင်မယ်များ ဖြစ်အောင် ကြိုးပမ်းထိန်းသိမ်းသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
လူငယ်မောင်မယ်များကို အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားတက်ကြွဖျတ်လတ်သည့်၊ သူတစ်ပါးကို ကူညီရန်အသင့်ရှိသည့်၊ လူ့အဖွဲ့အစည်း တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်သည့်၊ လူ့စွမ်းအားအရင်းအမြစ်များ ပြည့်ဝသော နိုင်ငံ့သား ကောင်းများဖြစ်ရန်၊ တစ်နည်းအားဖြင့် လူတော် လူကောင်းများဖြစ်ရန် ပြုစုပျိုးထောင်ပေးခြင်းသည် မောင်တို့မယ်တို့အနေဖြင့် ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်ကြရန်ပင် ဖြစ်ကြောင်း။
ဝိုင်းဝန်းထိန်းသိမ်းသွား
ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ တွင် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်နေရန် လိုအပ် ကြောင်း၊ ထိုအထဲမှ ပညာရေးသည် အခြေခံဖြစ်သဖြင့် အဓိကကျကြောင်း၊ လူမှန်းသိတတ်စအရွယ်ကတည်း က ကျောင်းတက်ပညာသင်ကြပြီး ဘဝရှေ့ရေး အတွက် အတတ်ပညာ၊ အသိပညာပြည့်ဝအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာရေးအခြေခံ မကောင်းပါက မိမိအတွက်သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည် နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် မဖြစ်နိုင် ကြောင်း၊ ထို့ကြောင့် အခြေခံပညာကဏ္ဍတွင် လူငယ် လူရွယ်အားလုံး၊ ကျောင်းနေရမည့် အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကို ဆုံးခန်းတိုင်သင်ယူ နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ် များမဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ ဆရာမများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်သည်ကို မှာကြားလိုကြောင်း။
ယခုကဲ့သို့ လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံ မှာကြားခိုက်တွင် ကျောင်းသား ကျောင်းသူများ စာသင်နှစ်ပြီးသဖြင့် အတန်းတက်ပြီး တန်းစဉ် ကူးပြောင်းသင်ယူကြရာတွင် ယခင်နှစ်များက သင်ကြားလိုက်သည့် သင်ခန်းစာများကို တစ်ပါတည်း သိရှိမှတ်သားသယ်ဆောင်ကြရန် မှာကြား လိုကြောင်း၊ နှစ်စဉ်သင်လိုက်သည့်စာများ၊ ပညာများ ကို မေ့ပျောက်မပစ်ဘဲ ဦးနှောက်ထဲတွင် စွဲစွဲမြဲမြဲ မှတ်သားမိနေပါမှ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုး တိုးတက်သည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက အတန်းသာအောင်၊ အသက်အရွယ် ကြီးမြင့်လာသော်လည်း ရှိသင့်ရှိထိုက်၊ ပြည့်စုံသင့် ပြည့်ဝထိုက်သည့် အသိပညာ၊ အတွေးအခေါ်၊အယူအဆများ ရှိမလာနိုင်ခြင်းကြောင့် မိဘဆရာ များက ပူးပေါင်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
လူရည်ချွန်မောင်မယ်များ လေ့လာရေးခရီးစဉ် တစ်လျှောက်အေးချမ်းပျော်ရွှင်စွာ တည်းခိုနေထိုင် ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ လေ့လာရေး၊ ရေ၊ မီး၊ လျှပ်စစ်နှင့် သန့်ရှင်းရေး၊ ဘေးကင်းလုံခြုံရေး၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်ထားကြောင်း။
နိုင်ငံအကျိုးပြုလုပ်ငန်းများဆောင်ရွက်
မောင်တို့မယ်တို့အနေဖြင့် မိမိတို့သက်ဆိုင်ရာ စုရပ်စခန်းနှင့် စခန်းအသီးသီးသို့ သွားရာခရီးစဉ် တစ်လျှောက် စည်းကမ်းတကျနှင့်သွားလာရန်၊ မိမိ ကျောင်း၊ မိမိမြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကို ကောင်းမွန်သည့် ဂုဏ်သတင်းနှင့် ကိုယ်စားပြုနိုင်ရန်၊ စခန်းအသီးသီးကို ရောက်သည့်အခါတွင်လည်း ဒေသန္တရဗဟုသုတများကို လေ့လာမှတ်သားရန်၊ အချင်းချင်းဗဟုသုတဖလှယ်ပြီး စည်းလုံးညီညွတ်စွာ နေထိုင်ရန် မိမိတို့၏ ကြီးကြပ်ဆရာ ဆရာမများ၏ အုပ်ထိန်းမှုအောက်တွင် စည်းကမ်းသေဝပ်စွာနေထိုင် ပြုမူ လှုပ်ရှားရန်မှာကြားလိုကြောင်း၊ သို့မှသာ လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ခြင်း၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စေမည်ဖြစ် သည်ကို ထပ်လောင်း အသိပေးပြောကြားလိုကြောင်း၊ အထူးသဖြင့် ခရီးစဉ်တစ်လျှောက် ကျန်းမာရေး ဂရုစိုက်ရန်နှင့် မိမိတို့နေရပ်သို့ ပြန်ရောက်သည့်အခါ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ဆောင်ရွက်နိုင်ကြရန် မှာကြား လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်း အလိုက် အထိမ်းအမှတ်အလံများကို လူရည်ချွန် မောင်မယ်များထံပေးအပ်ပြီး လူရည်ချွန်မောင်မယ် များက အထိမ်းအမှတ်လက်ဆောင် ပြန်လည်ပေးအပ် သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်း ကျောင်းမှ သုံးထပ်ကွမ်းလူရည်ချွန် မောင်အောင် ကောင်းပြည့်က ဂါရဝပြုကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ က “အလင်းတစ်ခေတ်၏ အရင်းအမြစ်များကို မွေးဖွားခြင်း” ကဇာတ်ဖြင့်လည်းကောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ နှင့် လူရည်ချွန်မောင်မယ်များ၊ ကင်းထောက်လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်းလူငယ်နှင့် လေကြောင်း လူငယ်များက “လူငယ်စွမ်းရည်” တေးသီချင်းဖြင့် လည်းကောင်း စုပေါင်းသီဆို ဖျော်ဖြေတင်ဆက်ကြ သည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အခမ်းအနား တက် ရောက်လာကြသူများ၊ လူရည်ချွန်မောင်မယ် များ သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လူရည် ချွန်မောင်မယ်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အခမ်း အနားတက်ရောက်လာကြသူများနှင့် ထူးချွန်လူငယ် မောင်မယ်များသည် ခင်းကျင်းပြသထားသည့် ပြခန်းများအတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်လူရည်ချွန် မောင်မယ်များ၊ ကင်းထောက်လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်း လူငယ်၊ လေကြောင်းလူငယ်များနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်