လူငယ်များ စာရင်းရေး စာရင်းကိုင်သက်မွေးမှုနဲ့ ရပ်တည်နိုင်အောင် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများသို့ တက်ရောက်ပါ

Type
1

 

 အောင်သူရ(သမဝါယမ)

နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင် နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော   လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အတွက် နိုင်ငံတော်က သက်ဆိုင်ရာကဏ္ဍအသီးသီးမှ လူငယ်လူရွယ်များ၏ အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်    ဖန်တီးပုံဖော်ပေး လျက်ရှိပါသည်။ 
သင်တန်းကာလနှစ်နှစ်ဖြင့် ပြောင်းလဲတိုးမြှင့်ဖွင့်လှစ်
ယင်းသို့ဖော်ဆောင်ရာတွင် သမဝါယမကဏ္ဍ အနေဖြင့်  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ယခင်က ဌာနဝန်ထမ်း များ၊ အသင်းဝန်ထမ်းများ၊ အသင်းအမှုဆောင်များ နှင့် ပြင်ပသင်တန်းသားများအတွက် ရုံးလုပ်ငန်း၊ စာရင်းကိုင်နှင့်  ကွန်ပျူတာဘာသာရပ်များကိုသာ ရက်တိုသင်တန်းများဖွင့်လှစ်၍ သင်ကြားပို့ချပေးခဲ့ သော သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်)နှင့်   သမဝါယမသင်တန်း ကျောင်း(မန္တလေး၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)တို့ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ခွင့်ပြုချက်ဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း  (Cooperative Accounting  Vocational Training Center – CAVTC ) (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)တို့ကို ၁၆-၆-၂၀၂၂ နေ့တွင် စာရင်းကိုင် ပညာဖြင့်    အသက်မွေးဝမ်းကျောင်းပြုနိုင်သော ကျောင်းများကို       သင်တန်းကာလနှစ်နှစ်ဖြင့် ပြောင်းလဲတိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ သင်တန်းအပတ် စဉ် နှစ်ကြိမ်အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
သင်တန်းနှင့်သင်တန်းသားတို့၏ အရည်အသွေး ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ယခု ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှစ၍ အဆိုပါသင်တန်းကျောင်းများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကဲ့သို့လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိ နည်းပညာအထက်တန်းကျောင်းများ ကဲ့သို့လည်းကောင်း၊ မူဝါဒအားဖြင့်   တစ်ပြေးညီ ဖြစ်စေရန်နှင့် ပညာရေးဝန်ကြီးဌာန၏   KG+12 စနစ်သစ်ပညာရေး၏ မူအတိုင်းလိုက်နာကာ သုံးနှစ် သင်တန်းကို     တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကျောင်းများသို့ အခြေခံပညာစနစ် သစ်၏ Grade-9 အောင်မြင်ပြီးသူများ တက်ရောက် နိုင်ပြီး သင်တန်းပြီးဆုံးပါက  လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ (Certificate in Business Acco-unting)   လက်မှတ်ကို    ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။ 
အဆိုပါကျောင်းများကို    ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပညာဆက်လက်သင်ယူရန် အခက် အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် ထူးချွန်သူ များကို သမဝါယမကောလိပ်များသို့    ပေါင်းကူး ပညာဆက်လက်သင်ယူနိုင်သည့်   အခွင့်အလမ်း များ ဖန်တီးပေးရန်ဖြစ်ပါသည်။   ထိုကျောင်းများသို့ ဒေသအသီးသီးရပ်နီးရပ်ဝေးမှ  လာရောက်ပညာ သင်ယူကြသူများကို စားဝတ်နေရေး   အဆင်ပြေ စေရန် စားသောက်ရေးကိစ္စ၊    ဝတ်ဆင်ရေးကိစ္စ၊ အဆောင်နေထိုင်ရေးကိစ္စများ၊    ပြဋ္ဌာန်းစာအုပ်များ နှင့် သင်ထောက်ကူပစ္စည်းများကို  နိုင်ငံတော်က ထောက်ပံ့ပေးသည့်အပြင် ကျောင်းတည်ရှိရာ ဒေသ များရှိ သမဝါယမအသင်းစုချုပ်များကလည်း ပံ့ပိုးထောက်ပံ့ပေးလျက်ရှိပါသည်။ 
ယင်းသင်တန်းကျောင်းများတွင်  စာသင်ချိန်များ အပြင် သင်တန်းသားများ    ကျန်းမာကြံ့ခိုင်ရေး အတွက် ကာယအချိန်များ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးအတွက် စုပေါင်းဘုရားဝတ်ပြုခြင်းများ၊  ကိုယ်ပိုင်စာကြည့်ချိန်များ၊   ထမင်းစားချိန်များ၊ ကျောင်းသန့်ရှင်းရေး  ဆောင်ရွက်မှုများကိုလည်း စည်းစနစ်ကျနစွာ စုပေါင်းဆောင်ရွက်စေပါသည်။  သင်တန်းသား သင်တန်းသူများ၏ အိပ်ဆောင်များ ကိုလည်း သီးခြားထားရှိ၍ တိကျသော စည်းမျဉ်း စည်းကမ်းများဖြင့်  ဆရာ ဆရာမများ၊ အုပ်ချုပ်သူ များမှ မိသားစုသဖွယ်    စည်းလုံးညီညွတ်စွာဖြင့် ကျောင်း၏ဂုဏ်သတင်းမပျက်ယွင်းစေဘဲ ရေရှည် တည်တံ့အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်ပညာသင်ကြားခွင့်ရရှိမည်
ထိုသို့တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် ပညာရေးဝန်ကြီး ဌာန၏ Grade-10, Grade-11, Grade-12 ၏ ဘာသာရပ်အချို့တို့ကို သင်ကြားတတ်မြောက်သည့် အပြင် ကျောင်း၏ အဓိကဘာသာရပ်များဖြစ်သော ကွန်ပျူတာ၊ ICT ဘာသာရပ်များ၊ Cost Accounting၊ Financial Accounting၊ Computerized Acco-unting နှင့်   သမဝါယမစာရင်းကိုင်စာရင်းစစ် ဘာသာရပ်များကိုပါ   အချိန်ကာလသုံးနှစ်တွင် သင်ယူတတ်မြောက်သွားမည်ဖြစ်ပြီး   သတ်မှတ် ထားသောအရည်အချင်းများပြည့်မီပါက သမဝါယမ ကောလိပ်(မန္တလေး၊ ဖောင်ကြီး)နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်   (သန်လျင်၊ စစ်ကိုင်း)တို့ကိုပေါင်းကူး၍   ဆက်လက်ပညာသင်ကြားခွင့် ရရှိမည် ဖြစ်ပါသည်။ 
သင်တန်း၏ ပထမနှစ်တွင် အခြေခံကွန်ပျူတာ ဘာသာရပ် (Introduction to Computer and ICT) ကို သင်ကြားရမည့်အပြင် စာရင်းကိုင်ပညာ၏ ကနဦးစာရင်းရေးသွင်းမှုမှအစပြု၍        နှစ်ချုပ် အစမ်းရှင်းတမ်း ရေးသွင်းတွက်ချက်မှု(Business Accounting) ဘာသာ၊ သမဝါယမပညာ၊ အခြေခံ ပညာ၏ Grade -10 သင်ရိုးဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊  ဘောဂဗေဒဘာသာရပ်များ အပြင် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ် ကောင်းမွန်ရန်နှင့် စည်းလုံး ညီညွတ်စေရန်အတွက် ပြည်သူ့နီတိ (ပြည်ထောင်စုစိတ်ဓာတ်)  သင်ခန်းစာ များကိုလည်း ပို့ချသင်ကြားပေးမည် ဖြစ်ပါသည်။ 
လက်တွေ့သင်ခန်းစာများကို 
အချိန်များများ ပါဝင်ထည့်သွင်းပို့ချ
သင်တန်း၏   ဒုတိယနှစ်တွင်    တန်ဖိုးတွက် စာရင်းကိုင်ပညာ (Cost Accounting (I))၊ ဘဏ္ဍာရေးစာရင်းကိုင်ပညာ(Financial Accounting (I))၊ Fundamentals of ICT၊   သမဝါယမစာရင်းကိုင် ပညာဘာသာရပ်များကို    သင်ကြားပို့ချပေးမည် ဖြစ်သည့်အပြင် လက်တွေ့လုပ်ငန်းခွင်များတွင် သွားရောက်လေ့လာလုပ်ကိုင်ရမည့်   လက်တွေ့ သင်ခန်းစာများကို အချိန်များများ ပါဝင်ထည့်သွင်း ပို့ချစေပါသည်။ ဒုတိယနှစ်သင်တန်း    ပြီးမြောက် သည်နှင့် အခြေခံပညာ၏   Grade -11    သင်ရိုး ဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂ ဗေဒဘာသာ ရပ်များကို တတ်မြောက်ပြီးသည့်အပြင် အငယ်တန်း စာရင်းကိုင်   (Junior   Accountant) တစ်ဦးကဲ့သို့ လုပ်ငန်းတာဝန်များကို     ထမ်းဆောင်နိုင်မည့် အရည်အသွေးများရရှိမည် ဖြစ်ပါသည်။  
တတိယနှစ်တွင် တန်ဖိုးတွက်စာရင်းကိုင်ပညာ (Cost Accounting (II))၊   ဘဏ္ဍာရေးစာရင်းကိုင် ပညာ(Financial Accounting (II))၊ ဘာသာရပ်များ အပြင် ကွန်ပျူတာစာရင်းကိုင်ပညာ (Computeri-zed Accounting)  တို့ကို   လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများအား စာတွေ့၊ လက်တွေ့ သင်ယူ နိုင်ရန်အတွက် (Internship Programme)   များ ရေးဆွဲကာ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များသို့ သွားရောက်လေ့လာသင်ကြားစေပါ သည်။  ထို့အပြင် စီးပွားရေးလုပ်ငန်းများကို စာရင်း ပိုင်းနှင့်ပတ်သက်၍ စစ်ဆေးအကြံပြုတတ်စေရန် သမဝါယမစာရင်းစစ်ဆေးခြင်း ဘာသာရပ်ကိုလည်း သင်ကြားပို့ချပေးသည့်အတွက်      တတိယနှစ် သင်တန်းပြီးမြောက်သည်နှင့် အခြေခံပညာGrade-12 သင်ရိုးဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊   သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များကို   တတ်မြောက်ပြီး သည့်အပြင် စာရင်းကိုင် (Accountant) တစ်ဦးကဲ့သို့ လုပ်ငန်းတာဝန်များကို     ထမ်းဆောင်နိုင်မည့် အရည်အသွေးများ ရရှိနိုင်မည် ဖြစ်ပါသည်။ 
သင်တန်းကာလပြီးဆုံးသည့်အချိန်တွင် အလုပ် အကိုင်အခွင့်အလမ်းများ   တစ်ပါတည်းရရှိစေနိုင် ရန်အတွက် စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ သမဝါယမအသင်းများအား ဖိတ်ခေါ်၍ အလုပ်အကိုင်မိတ်ဆက်ပွဲများ  (Job Fair၊  Job Show) များကို ကျင်းပစေပါသည်။
၂၀၂၂-၂၀၂၃၊  ၂၀၂၃-၂၀၂၄   ပညာသင်နှစ်၏ နှစ်နှစ်သင်တန်းပထမအပတ်စဉ် ပြီးဆုံးအောင်မြင် သူ ၂၅၂ ဦးတွင် Cost Accounting၊    Financial Accounting၊ Computerized Accounting၊ သမ ဝါယမစာရင်းကိုင်၊ စာရင်းစစ်ဘာသာနှင့်   သင်္ချာ ဘာသာရပ်တို့တွင်  ဂုဏ်ထူးရရှိသူ ၃၄  ဦးသည် သမဝါယမကောလိပ်များသို့ ပေါင်းကူး၍   ပညာ ဆက်လက်သင်ယူခွင့်ရရှိပြီး ၂၁၈ ဦးမှာ ကျောင်း တည်ရှိရာ ဒေသအသီးသီးရှိ ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်း များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေပြီ ဖြစ်ပါသည်။  
လေ့လာရေးခရီးများ ဆောင်ရွက်ပေးနိုင်ခဲ့
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း သမဝါယမ စာရင်းရေးစာရင်းကိုင်     သက်မွေးပညာသင်တန်း ကျောင်း ငါးကျောင်းမှ    သင်တန်းသားများအား ဒေသန္တရဗဟုသုတရရှိစေရန်နှင့်   ပြည်ထောင်စု စိတ်ဓာတ်အရင်းတည်၍ မျိုးချစ်စိတ်ဓာတ်ရှင်သန် ပေါက်ဖွားစေရန်  ရည်ရွယ်ပြီး       နေပြည်တော်ရှိ အထင်ကရနယ်မြေများဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန၊ စစ်သမိုင်းပြတိုက်၊ အမျိုးသား ပြတိုက်၊ မာရဝိဇယရုပ်ပွားတော်၊ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၊   ဗုဒ္ဓဂယာ၊    ရေပန်းဥယျာဉ်နှင့် ဝန်ကြီးဌာနရုံးများသို့ လည်းကောင်း၊ သင်တန်း ကာလတစ်လျှောက်     မဆုတ်မနစ်ကြိုးစားပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်မီလျှင် သမဝါယမ နှင့်     စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့တိုင် တက်ရောက်နိုင်မည့် အခွင့်အရေးအား ရယူလိုစိတ် အားကျစိတ်များ ဖြစ်ပေါ်လာစေရန်အတွက်   သမ ဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)တို့ကိုလည်းကောင်း လိုက်လံပို့ဆောင်၍ လေ့လာရေးခရီးများကို စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ နှစ်စဉ်နှစ်တိုင်းတွင် ယင်းသို့ ဆောင်ရွက် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ 
သို့ဖြစ်ပါ၍ လူငယ်များ၏ ဘဝနောင်ရေးအတွက် အာမခံချက်အပြည့်အဝပေးစွမ်းနိုင်ပြီး    ရေရှည် အသက်မွေးဝမ်းကျောင်း       ပြုနိုင်စေရန်အတွက် စာရင်းရေးစာရင်းကိုင်ပညာနှင့် ကွန်ပျူတာပညာ ရပ်များအပြင် အခြေခံပညာကျောင်းများ၏ ဘာသာ ရပ်များကိုပါ  သင်ကြားပို့ချပေးလျက်ရှိသော လူငယ် စီးပွားရေး စာရင်းကိုင်ကျွမ်းကျင်သူ မောင်မယ်များ ကို မွေးထုတ်ပေးလျက်ရှိသည့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း များသို့ တက်ရောက်နိုင်ရေး   တိုက်တွန်းရေးသားလိုက်ရ ပါသည်။         ။