
နေပြည်တော် ဇူလိုင် ၄
အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့နှင့် တော်ဝင်နဂါး ရောဂါရှာဖွေရေး စင်တာတို့ ပူးပေါင်း၍ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြား ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကို ယနေ့နံနက်ပိုင်း တွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆောင်ရွက်ပေး သည်။
အဆိုပါအဖွဲ့သည် လူမှု ဖူလုံရေးအကျုံးဝင် ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန နှင့် လုပ်ငန်းများမှ ဝန်ထမ်းများ အား ကျန်းမာရေးဆိုင်ရာ စစ်ဆေး ဆောင်ရွက်ပေးခြင်း၊ ဆေးဝါး ကုသမှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ နှလုံး အတွက် ECG စစ်ဆေးခြင်း များအပါအဝင် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ကျန်းမာရေးစောင့်ရှောက် မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံ ရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၆ခန်း၊ သားဖွား မီးယပ် ပြင်ပ လူနာကုသမှု ဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၄၅ ခန်း၊ မီးဖွား ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသောစာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၅ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုပေး လျက်ရှိသည်။
ပြည်ထောင်စု နယ်မြေ နေပြည်တော်၌လည်း မြို့နယ် လူမှုဖူလုံရေးဆေးခန်း နှစ်ခန်း၊ ဌာနကြီးဆေးခန်းလေးခန်း၊ စာချုပ် ဆေးခန်း လေးခန်း၊ သားဖွား မီးယပ်ပြင်ပလူနာကုသမှု ဆောင် ရွက်သည့် စာချုပ်ဆေးခန်း သုံးခန်းတို့ဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် စီမံချက်အနေဖြင့် လူမှုဖူလုံရေး အကျုံးဝင်အလုပ်ဌာန ၃၃၄ ဌာနမှ အာမခံအလုပ်သမား ၁၄၅၀၈ ဦး တို့ကို ဩဂုတ် ၆ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်