နေပြည်တော် စက်တင်ဘာ ၂၃
မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ် ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူး ခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
သင်တန်းဆင်းပွဲသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက သင်တန်းကာလတွင် သင်တန်း သားများအနေဖြင့် မီဒီယာနှင့် ပတ်သက်၍ အထိုက်အလျောက် ပညာရရှိပြီး ဆက်လက်လေ့လာ သွားမည်ဆိုပါက အရှိန်ရသွားမည် ဖြစ်ပါကြောင်း၊ ဓာတ်ပုံပညာနှင့် ပတ်သက်၍ ဓာတ်ပုံသည် သမိုင်း ဖြစ်ပါကြောင်း။
ယနေ့ခေတ်တွင် မီဒီယာ သည် နည်းပညာတိုးတက်မှုနှင့် အတူ အရှိန်အဟုန်ဖြင့် လျင်မြန် စွာ ပြောင်းလဲတိုးတက်နေသော ကြောင့် မီဒီယာအခန်းကဏ္ဍကို လိုက်လျောညီထွေစွာ လိုက်ပါ ဆောင်ရွက်နိုင်ရန် အရေးကြီးလာ ပါကြောင်း၊ လူမှုကွန်ရက်များတွင် သတင်းစီးဆင်းမှုများ အလွန် မြန်ဆန်လာသည့်အတွက် ပြည်သူ များ သိသင့်သိထိုက်သည့် မိမိတို့ ဌာန၏ ဆောင်ရွက်ချက်များကို မီဒီယာနည်းလမ်းဖြင့် အသိပေး သည့်နေရာတွင် တိကျမှုရှိပြီး မှန်ကန် မြန်ဆန်စွာ တင်ဆက်နိုင် ရန် အရေးကြီးသကဲ့သို့ အရည် အသွေးပြည့်မီပြီး အပြုသဘော ဆောင်သည့် သတင်းမှတ်တမ်း များဖြစ်ရန်လည်း အရေးကြီးပါ ကြောင်း။
သင်တန်းသားများအနေဖြင့် သင်တန်းတွင် တတ်မြောက် သွားသည့် ပညာများအား မိမိ ဌာန လုပ်ဖော်ကိုင်ဖက်များကို ပြန်လည် မျှဝေပေးစေလိုပါ ကြောင်း၊ ဝါသနာပါပါကလည်း ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက် စေလိုပါကြောင်း၊ ဓာတ်ပုံရိုက်ကူးရေး၊ ဗီဒီယို တည်းဖြတ်ရေးပညာသည် အရေး ကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ပါ ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာ များကို အခြေခံပြီး မိမိဝန်ကြီး ဌာနနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပါဝင် ပူးပေါင်းဆောင် ရွက်သွားကြစေလိုပါကြောင်း ပြော ကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းသား ကိုယ်စားလှယ်များ ထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ယင်းနောက် သင်တန်းသား များကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများ ၊ သင်တန်းသားများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
အဆိုပါ မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း၊ သတင်း ရေးသားခြင်းဆိုင်ရာ သင်တန်း အမှတ်စဉ်(၁)သို့ ဝန်ကြီးဌာန ၁၂ ခုမှ သင်တန်းသား၊ သင်တန်း သူ ၄၈ ဦး တက်ရောက်ကြပြီး စက်တင်ဘာ ၅ ရက်မှ ၂၃ ရက် အထိ ၁၅ ရက်ကြာ ဖွင့်လှစ်ပို့ချ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



