လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အမှန်တကယ်အလုပ်အကိုင် ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်   နိုဝင်ဘာ  ၁၀    

အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်အတွက် “လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဖွင့်လှစ်ပေးခြင်းဖြစ်


အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအနေဖြင့် ဌာန၏မျှော်မှန်းချက်နှင့်အညီ လုပ်ငန်း တာဝန်များ  ဆောင်ရွက်သည့်နေရာတွင် ပြည်သူ လူထု၏ လူမှု စီးပွားဘဝ  တိုးတက်မြင့်မားရေးအတွက် အမှန်တကယ်   အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်း များကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊    အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဝန်ထမ်းများရုံးလုပ်ငန်းတာဝန် အပြင် နည်းပြတာဝန်များကိုပါ ထမ်းဆောင်ကြရသည့် ဝန်ထမ်းများဖြစ်၍   ရုံးလုပ်ငန်းများကို   ကျွမ်းကျင် တတ်မြောက်ကြရမည်ဖြစ်သကဲ့သို့  နည်းပြတစ်ဦး ပီသစွာ မိမိသင်ကြားပေးရမည့် ဘာသာရပ်များတွင် ကျွမ်းကျင်နေရန်  လိုအပ်သည့်အတွက်  ယခုကဲ့သို့ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ  ဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသများအထိ ဖွင့်လှစ် ဆောင်ရွက်ပေးမည့် သင်တန်းများဖြစ်၍ ကျေးလက် ဒေသများအထိ  သင်တန်းများ သွားရောက်ဖွင့်လှစ် ပေးမည့်    သင်တန်းနည်းပြများသည်      ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ရမည်ဖြစ်သည့်အတွက်     ဌာနကို ပြည်သူများ အားကိုးယုံကြည်ရန် သင်တန်းနည်းပြ များတွင်   တာဝန်ရှိကြောင်း၊   သင်တန်နည်းပြများ အနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင် တတ်မြောက်အောင်    လေ့ကျင့်သင်ယူရန်လိုအပ် ကြောင်း၊      ရောက်ရှိရာနေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်သည့်အခါ  ဆရာ့ကျင့်ဝတ်ကို သတိပြုလိုက်နာကြရန်   လိုကြောင်း၊  တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှ မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံ အကျိုး သယ်ပိုးနိုင်မည်ဖြစ်သည့်အတွက် စွမ်းအားရှိ သလောက်  ကြိုးစားဆောင်ရွက်ကြရန်  တိုက်တွန်း လိုကြောင်း ပြောကြားသည်။ 


အဆိုပါသင်တန်းသို့ ရုံးချုပ်၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ  သိပ္ပံ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများနှင့်  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း  ၁၃  ကျောင်း တို့မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၅  ဦး တက်ရောက်ကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသားများ၏ အိပ်ဆောင်များနှင့် သင်တန်း ခန်းမကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစုပိုင်      သုခမြိုင်မိုတယ်ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်