
နေပြည်တော် စက်တင်ဘာ ၁၅
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါ အဝင် လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါ အခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်း များ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံ ပြည်သူ ၁၆၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၅၁၆၅ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်အတွင်းရှိ မြို့နယ်လေး မြို့နယ်၌ ဒေသခံပြည်သူ ၃၂၄၇ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ် ခရိုင်တို့၌ ဒေသခံပြည်သူ ၁၇၈၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၃၆ ဦး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်း ရှိ မြို့နယ်ငါးမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၈၉၁ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ် ခရိုင်၌ ကျောင်းသား ကျောင်းသူ ၁၁၅၇ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန် အတွက် Mask များကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက အခမဲ့ပေးဝေလှူဒါန်း လျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်များ အတွင်းရှိ မြို့နယ် ၄၅ မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တန့်ယန်းမြို့နှင့် မိုင်းရယ်မြို့၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့ရှိ စာသင် ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကား ရာနေရာများတွင် နယ်မြေခံ တပ်မတော်သားများက ဌာန ဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေးဆောင် ရွက်ခြင်း၊ ဈေးဝယ်စင်တာများ၊ ဆိပ်ကမ်းများနှင့် လူသွားလူလာ များပြားသည့် နေရာများတွင် LED ကြော်ငြာဘုတ်များဖြင့် ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ အသိ ပညာပေးခြင်း၊ Mask တပ်ဆင်၍ သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်