လူမျိုးမရွေး ဘာသာမရွေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၅

တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌  သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်  ၄၀   အထက် ဒေသခံပြည်သူများ၊  အကျဉ်းသား အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသား   လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်     စခန်းများ အတွင်းရှိ ပြည်သူများ၊  အသက် ၁၂  နှစ်အထက်    အခြေခံပညာ အလယ်တန်းနှင့်  အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍        တပ်မတော်မှ ဆေးအဖွဲ့များ၊  ပြည်သူ့ဆေးရုံများ မှ   ဆရာဝန်များ၊   သူနာပြုများ၊ ကျန်းမာရေး        ဝန်ထမ်းများ နှင့်    စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး  ထိုးခြင်းလုပ်ငန်း များကို        ဆောင်ရွက်ပေးလျက် ရှိသည်။

 


ကာကွယ်ဆေးထိုးနှံ


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်နှင့်  ယနေ့တွင် ရှမ်းပြည်နယ်   (မြောက်ပိုင်း)အတွင်းရှိ    မြို့နယ်  ၁၃  နယ်တို့၌ ဒေသခံပြည်သူ ၄၈၄၄ ဦး၊  ရှမ်း ပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မိုင်းပျဉ်းမြို့နယ်နှင့်    မိုင်းဆတ် မြို့နယ်၌  ဒေသခံပြည်သူ  ၉၈၀၊ တနင်္သာရီတိုင်းဒေသကြီး   မြိတ် မြို့နယ်နှင့်   ပုလောမြို့နယ်တို့၌ ဒေသခံပြည်သူ ၄၀၀၅ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆  မြို့နယ်တို့၌   ဒေသခံပြည်သူ ၅၃၀၁၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၄၀၅၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ   ၉၉၄၂    ဦးနှင့် ပဲခူးတိုင်းဒေသကြီး   ထန်းတပင် မြို့နယ်၌ ဒေသခံပြည်သူ ၂၅၀ တို့ ကို တပ်မတော်မှ  ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊  သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံပေး သည်။

 


ကျောင်းသား ‌ကျောင်းသူ    ၉၅၃ဦး ကာကွယ်ဆေး ထိုးနှံပေး


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ဒီဇင်ဘာ ၂၃ ရက်နှင့် ယနေ့တွင်  ရှမ်းပြည်နယ်        (မြောက်ပိုင်း)အတွင်း ရှိ      မြို့နယ်  လေး  မြို့နယ်တို့၌ ကျောင်းသား ‌ကျောင်းသူ ၆၈၁ ဦး၊ ရှမ်းပြည်နယ်    (အရှေ့ပိုင်း)       မိုင်းဆတ်မြို့၌    ကျောင်းသား  ကျောင်းသူ ၈၅ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရှိ    မြို့နယ် ၂၆ မြို့နယ်တို့၌           ကျောင်းသား ‌ကျောင်းသူ    ၉၅၃   ဦးတို့ကို  တပ်မတော်မှ  ဆေးအဖွဲ့ များက   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊   သက်ဆိုင်ရာ ကျန်းမာရေး        ဝန်ထမ်းများ၊   စေတနာ့         ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                

 သတင်းစဉ်