လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် ပုံမှန်ပြုစုထုတ်ဝေခြင်းဖြင့် လုပ်ငန်းများတွင် လက်တွေ့အထောက်အကူဖြစ်စေနိုင်

 

နေပြည်တော်    ဇူလိုင်    ၁


အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနစုဝေးခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့        ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာကိုယ်စား လှယ်များနှင့်    စာရင်းအင်းနှင့်    သက်ဆိုင်သည့် ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သည့်   အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


ဦးစွာ  ပြည်ထောင်စုဝန်ကြီးက  အလုပ်သမား ဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် အလုပ်သမား ရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ     သတင်းအချက် အလက်များ စုဆောင်းပြုစုရေး အချက်များပါဝင်ခြင်း ကြောင့် ၁၉၉၅ ခုနှစ်မှစ၍  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “လူဦးရေနှင့်ဖွံ့ဖြိုးမှု   စီမံကိန်း ရေးဆွဲမှုလုပ်ငန်းစဉ်အတွက်   လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းစီမံ ကိန်း” ရလဒ်အရ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် ၁၉၉၇ ခုနှစ်မှ စတင်ပြီး လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေခဲ့ရာ ၂၀၂၁ ခုနှစ်အထိ ၂၁  အုပ်မြောက်  ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း။

 


လူ့စွမ်းအားဖွံ့ဖြိုးမှု    အညွှန်းကိန်းများနှင့် ပတ်သက်၍   ဝန်ကြီးဌာနများအလိုက်  စာရင်းများ ကောက်ယူပြုစုလျက်ရှိပြီး       ကဏ္ဍအားလုံးနှင့် သက်ဆိုင်လွှမ်းခြုံသည့်       အညွှန်းကိန်းများကို လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် တွင်      တစုတစည်းတည်း     တွေ့မြင်နိုင်မည် ဖြစ်ကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်   ပုံမှန်ပြုစုထုတ်ဝေခြင်းဖြင့်  စာရင်း အင်းဆိုင်ရာ သတင်းအချက်အလက်များကို ဆုံးဖြတ် ချက်ချမှတ်လုပ်ဆောင်ရမည့်   လုပ်ငန်းများတွင် လက်တွေ့အထောက်အကူဖြစ်စေနိုင်ခြင်း၊ ယုံကြည် စိတ်ချရပြီး မှန်ကန်မှုရှိသည့် ကိန်းဂဏန်း အချက် အလက်များ အလွယ်တကူရရှိနိုင်ခြင်း၊ အညွှန်းကိန်း များကို   အခြေခံပြီး   သတင်းအချက်အလက်များ ဖော်ထုတ်၍    ခိုင်မာသော   မူဝါဒချမှတ်နိုင်ခြင်း၊  စီးပွားရေးဖွံ့ဖြိုးမှုအဆင့်အတန်းကို   သိရှိနိုင်ခြင်း၊ လူနေမှုအဆင့်အတန်းကို   သိရှိနိုင်ခြင်းတို့ကြောင့် လက်စွဲစာအုပ် ပြုစုထုတ်ပြန်နိုင်ခြင်းသည် နိုင်ငံ၏ လူ့စွမ်းအားဆိုင်ရာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း။

 


လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ် အသုံးပြုရေးလုပ်ငန်းစီမံကိန်းအရ မိမိတို့ဝန်ကြီးဌာန က  ဦးတည်ဆက်သွယ်ရာဌာနအဖြစ်  ဆောင်ရွက် လျက်ရှိပြီး  ဝန်ကြီးဌာန  ၂၁  ခုမှ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဦးစီးဌာန ၄၅ ဌာနဖြင့် အဖွဲ့အစည်း ၂ ဖွဲ့တို့က လုပ်ငန်းအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင် များနှင့်   ညှိနှိုင်းပေါင်းစပ်  အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက်    အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန၊  ဦးစီးဌာနများအားလုံး မိမိတို့ဌာန၏ စာရင်းအင်းများ ဂရုတစိုက်ကောက်ယူ ပြုစုကြရန် အရေးကြီးကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုယ်စား လှယ်များ၏    တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

 


ထို့နောက် ကိုယ်တိုင်တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူတို့ နှင့် Online မှ တက်ရောက်ကြသည့် ရန်ကုန်စီးပွား ရေးတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် တို့မှ တာဝန်ရှိသူတို့က လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်တွင်ပါရှိသည့် အညွှန်းကိန်း များကို လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးပြုနိုင် မှု၊    အညွှန်းကိန်းများ   တွက်ချက်ပြုစုရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် အတွေ့အကြုံများ ဆွေးနွေးသုံးသပ်     အကြံပြုချက်များ   ရယူကာ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၂၀-၂၀၂၁)  ခုနှစ်  ထွက်ရှိနိုင်ရေး   ဆက်လက် ဆောင်ရွက်မည့်     လုပ်ငန်းစဉ်များကို   လျာထား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်