လူး၊ ဆပ်၊ နှံစားပြောင်း သီးနှံများသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး မိုးနည်းရေရှားဒေသများတွင် စိုက်ပျိုးဖြစ်ထွန်း “၂၀၂၃ ခုနှစ်ကို နိုင်ငံတကာ လူး၊ ဆပ်သီးနှံနှစ်” (International Year of Millet) အဖြစ် ဆောင်ရွက်သွားမည်

 

 

နေပြည်တော် စက်တင်ဘာ ၂၃


အိန္ဒိယနိုင်ငံ        စိုက်ပျိုးရေးနှင့် တောင်သူ      လယ်သမားရေးရာ ဝန်ကြီးဌာန   Ministry   of Agriculture   and   Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar ၏  ဖိတ်ကြားချက် အရ စက်တင်ဘာ  ၁၉ ရက်က နယူးဒေလီမြို့၌    ကျင်းပသည့် စားနပ်ရိက္ခာနှင့်      စိုက်ပျိုးရေး အတွက်    အပင်ဗီဇအရင်းအမြစ် ဆိုင်ရာ    နိုင်ငံတကာသဘောတူ စာချုပ်(ITPGRFA) အုပ်ချုပ်ရေး အဖွဲ့၏ (၉) ကြိမ်မြောက် အစည်း အဝေးဖွင့်ပွဲသို့       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်       ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး        ခေါင်းဆောင် သော  မြန်မာကိုယ်စားလှယ်အဖွဲ့  တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

 


ကြိုဆိုနှုတ်ခွန်းဆက်


ဦးစွာ စားနပ်ရိက္ခာနှင့်စိုက်ပျိုး ရေးအတွက် အပင်ဗီဇအရင်းအမြစ် ဆိုင်ရာ   နိုင်ငံတကာသဘောတူ စာချုပ် (ITPGRFA) အုပ်ချုပ်ရေး အဖွဲ့၏ (၉)ကြိမ်မြောက် အစည်း အဝေးတွင် (ITPGRFA) အဖွဲ့ဥက္ကဌ Ms.  Yasmina  El-Bahloul ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့   (FAO)  မှ (ITPGRFA) အတွင်းရေးမှူး  Mr. Kent Nnadozie တို့က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။

 


ဆက်လက်၍    အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်           တောင်သူ လယ်သမားရေးရာ  ဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar က အဖွင့် အမှာစကား ပြောကြားပြီး ကုလသမဂ္ဂ       စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြား ရေးမှူးချုပ် Dr. QU Dongyu (ဒေါက်တာချူဒုံယု)၏  အမှာ စကား ဗီဒီယိုကို ကြည့်ရှုကြသည်။

 


စားနပ်ရိက္ခာနှင့်  စိုက်ပျိုးရေး အတွက်      အပင်ဗီဇအရင်းအမြစ် ဆိုင်ရာ  နိုင်ငံတကာသဘောတူ စာချုပ်(ITPGRFA)အုပ်ချုပ်ရေး အဖွဲ့ အစည်းအဝေးကို (၂) နှစ် တစ်ကြိမ်ကျင်းပခြင်းဖြစ်ကာ ယခု ကျင်းပသည့်  (၉)  ကြိမ်မြောက် အစည်းအဝေးကို   ဇီဝမျိုးကွဲ ထိန်းသိမ်းသူများအား ဂုဏ်ပြုခြင်း နှင့် ၂၀၂၀ ပြည့်နှစ်လွန် ကာလတွင် အားလုံးပါဝင်သော  ကမ္ဘာလုံး ဆိုင်ရာ  ဇီဝမျိုးကွဲများ ဖြစ်ပေါ်လာ စေရန်   မူဘောင်သတ်မှတ်ချက် (Celebrating the Guardians of Crop Diversity: Towards an Inclusive. Post-2020 Global Biodiversity  Framework )  ဖြင့် အိန္ဒိယနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ပြီး အဖွဲ့ ဝင်  ၁၄၉  နိုင်ငံမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 


(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ ၏ (၉)ကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား         အပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြခန်းများတွင်    ခင်းကျင်းပြသ ထားသော အိန္ဒိယနိုင်ငံ၏  ဒေသ မျိုးရင်းဝင် လူး၊ ဆပ်၊ နှံစားပြောင်း မျိုးများ၊  သုတေသနပြုရရှိသော နှံစားပြောင်းမျိုးများ၊   အဆိုပါ နှံစားသီးနှံများကို      အခြေခံ ထုတ်လုပ်ထားသည့် ခေါက်ဆွဲများ တန်ဖိုးမြင့်       စားသောက်ကုန် လုပ်ငန်းများ၊   အိန္ဒိယနိုင်ငံ၏ ဒေသမျိုးရင်း             သစ်သီးဝလံ သုတေသန      လုပ်ငန်းများကို လှည့်လည်ကြည့်ရှုကြပြီး ပြခန်း တာဝန်ရှိသူများနှင့်  တွေ့ဆုံ၍ နှစ်နိုင်ငံအကြား       သုတေသန ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ခဲ့ကြကြောင်း၊ လူး၊  ဆပ်၊  နှံစား ပြောင်း သီးနှံများသည် ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိပြီး မိုးနည်းရေရှား ဒေသများတွင်  စိုက်ပျိုးဖြစ်ထွန်း နိုင်ပြီး လူသားများ၏ ကျန်းမာရေး အတွက်  အထောက်အကူဖြစ်စေ သည့်     သီးနှံများဖြစ်သဖြင့် “၂၀၂၃  ခုနှစ်ကို  နိုင်ငံတကာ လူး၊ ဆပ်သီးနှံနှစ်” (International Year of Millet) အဖြစ်  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 


မွန်းလွဲပိုင်းတွင်       မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သော        ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်  အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်  စိုက်ပျိုးရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့နှင့်အတူ အိန္ဒိယနိုင်ငံ        စိုက်ပျိုးရေးနှင့် တောင်သူ        လယ်သမားရေးရာ ဝန်ကြီးဌာန Ministry of Agricul-ture  and  Farmers'  Welfare ဝန်ကြီး Mr. Narendra Singh Tomar ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ၏ နည်းပညာ နှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊       မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် ပဲမျိုးစုံ၊ နေကြာ နှင့်  ဆီထွက်သီးနှံများ၏  မျိုးစေ့ ထုတ်လုပ်ငန်းတွင်  အိန္ဒိယနိုင်ငံ အစိုးရနှင့်  ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ အစည်းများ   ရင်းနှီးမြှုပ်နှံလိုသူ များ        ပါဝင်ဆောင်ရွက်နိုင်ရေး၊ သီးနှံထုတ်လုပ်   ရောင်းဝယ်ရေး ဆိုင်ရာများတွင်             ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ် များကို ဆွေးနွေးကြသည်။

 


အလားတူ   ပြည်ထောင်စု ဝန်ကြီး       ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၏      နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) မှ Mr. ASHWANI KUMAR ဦးဆောင် သည့်  အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အိန္ဒိယနိုင်ငံ        စိုက်ပျိုးရေးနှင့် တောင်သူ      လယ်သမားရေးရာ ဝန်ကြီးဌာနအောက်တွင်  မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးမှု  လုပ်ငန်းများ ကို နိုင်ငံပိုင် စီးပွားရေး ကော်ပိုရေး ရှင်းပုံစံဖြင့်    ဆောင်ရွက်နေမှုကို လည်းကောင်း၊      မြန်မာနိုင်ငံ၏ ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ် လာသည့်  မျိုးကောင်းမျိုးသန့် မျိုးစေ့များ  ဖူလုံစွာသုံးစွဲနိုင်ရေး အတွက်       နှစ်နိုင်ငံအကြား သုတေသနနှင့်     မျိုးစေ့ထုတ် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ            ကိစ္စရပ်များကို လည်းကောင်း   ဆွေးနွေးခဲ့ကြ သည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  စားနပ် ရိက္ခာနှင့်           စိုက်ပျိုးရေးအတွက် အပင်ဗီဇ    အရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ  သဘောတူစာချုပ် (ITPGRFA)   အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး  တက်ရောက်လာ ကြသူများနှင့်အတူ  အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်           တောင်သူ လယ်သမားရေးရာ  ဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar က တည်ခင်းဧည့်ခံသည့်  ဂုဏ်ပြု ညစာ    စားပွဲနှင့်  ယဉ်ကျေးမှု ပဒေသာကပွဲသို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သတင်းစဉ်