
နေပြည်တော် မတ် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ လက်ရှိဆောင် ရွက်နေသည့်လုပ်ငန်းတိုးတက်မှုအခြေအနေတို့နှင့် ပတ်သက်၍ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးမင်းထိန်၊ အမြဲတမ်း အတွင်းဝန် ဦးအောင်မြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က နေပြည်တော်မှ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ ညွှန်ကြားရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်၍ တက် ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယနေ့ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဦးစီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် တာဝန်ခံများနှင့် တွေ့ဆုံပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတော်ယန္တရားတစ်ခုလုံး လည်ပတ်နိုင်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စတင်တာဝန်ယူသည့် အချိန်ကစပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့်လုပ်ငန်းစဉ်များနှင့် ဦးတည် ချက်များအတိုင်း ကျရာကဏ္ဍမှ လိုက်နာအကောင်အထည်ဖော်ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်နေသူများသည် ခံယူချက်၊ ရပ်တည်ချက် ကွဲပြားသော်လည်း နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းကောင်းမွန်မွန် သက်ဝင်လှုပ်ရှား လည်ပတ်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်သူ့အငှားအိမ်ရာစီမံကိန်း အိပ်ခန်းပေါင်း(၁)သောင်းကို ပထမ အဆင့်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းဦးစီးဌာနအနေဖြင့် B.O.T လုပ်ငန်း ဖြင့် ဆောင်ရွက်သည့် Toll Gate များအပါအဝင် လေလံ Gate ကိစ္စများ တွင် ထိခိုက်မှုများ ရှိပါကြောင်း ၊ ထို့အတူ ကျန်ဦးစီးဌာနများ၏ Joint Venture လုပ်ငန်းများကိုလည်း ထိခိုက်မှုရှိသည့်အတွက် ကုစားဆောင် ရွက်သွားရန်လိုပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ရယူဆောင်ရွက်သည့် အဆောက်အဦ၊ လမ်း၊ တံတားများနှင့် ကျေးလက် လမ်း / တံတားအပါအဝင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသော ဥပဒေ ၊ နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး နိုင်ငံ့ယန္တရား ကြီးလည်ပတ်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေမည့် နည်းပညာသုတေသနလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် စေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာသုံးစွဲရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန်က ဝန်ကြီးဌာန၏ ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ယခုနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်း၊ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦးက ဝန်ကြီး ဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေနှင့်လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ နှင့် CDMတွင် ပါဝင်သောဝန်ထမ်းများ၏ ခွင့်၊ လစာမဲ့ခွင့်များ တင်ပြထားရှိမှုနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်တို့က မိမိတို့ ဦးစီးဌာနအလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်းတိုးတက်မှု၊ ဘဏ္ဍာ ရေးနှစ်အလိုက် လုပ်ငန်းစီမံချက်များ ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး
ဆက်လက်၍ တိုင်းဒေသကြီး ၊ ပြည်နယ်ညွှန်ကြားရေးမှူးများက မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနတို့မှ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ်များမှ ငွေထုတ်ယူရန် လတ်တလော တွေ့ကြုံရသော အခက်အခဲအပါအဝင် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲ၊ အဓိကတည်ဆောက်ရေးပစ္စည်းများ ဥပမာ ဘိလပ်မြေနှင့် သံချောင်းဈေးနှုန်းများ မြင့်တက်၍ ပစ္စည်းပေးသွင်း မှု နှောင့်နှေးခြင်း ၊ ရပ်တန့်နေခြင်းများ၊ သယ်ယူ ပို့ဆောင်ရေးခက်ခဲနေမှု များ၊ ဝန်ထမ်းရေးရာနှင့် ကျွမ်းကျင်လုပ်သားတချို့ လုပ်ငန်းခွင် လာရောက်ရန် အခက်အခဲတွေ့ရမှု စသည့်လုပ်ငန်းအခက်အခဲများ နှင့်ပတ်သက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်