
နေပြည်တော် စက်တင်ဘာ ၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေး ဆိုင်ရာ အမှုစစ်သင်တန်းအမှတ် စဉ် (၁/၂၀၂၃) ဆင်းပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသ ကြီး/ပြည်နယ်များရှိ ကော်မရှင် ရုံးခွဲတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနား တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းသားများ အနေဖြင့် သင်တန်းမှရရှိသည့် ဘာသာရပ် ဆိုင်ရာဗဟုသုတများ၊ အတွေ့ အကြုံများနှင့် လုပ်ငန်းတာဝန်များ ကို စနစ်တကျ ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချသွားကြရန်၊ စုံစမ်း စစ်ဆေးရေးဆိုင်ရာလုပ်ငန်းများ ကို တာဝန်ကျေပွန်စွာ ထမ်းရွက် နိုင်ရုံသာမက ဖြောင့်မတ် တည်ကြည်မှုရှိပြီး တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ဆက်စပ် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ လုပ်ငန်း များ ဆောင်ရွက်ရာတွင်လည်း အဂတိတရားကင်းရှင်းပြီး တည်ဆဲ ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့် အညီ စနစ်တကျဖြစ်စေရေး လိုက်နာကျင့်သုံးကြရန်၊ ပေးအပ် သည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးစားထမ်း ဆောင်ကြရန် တိုက်တွန်းပြော ကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ က သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ ကြသည့် သင်တန်းသား သုံးဦး ကို ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်