
မူဆယ် အောက်တိုဘာ ၂၀
၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ် သမားအတွက် ကျန်ရစ်သူ အကျိုး ခံစားခွင့် ငွေကျပ်သိန်း ၉၀ အား မိသားစုဝင်များထံသို့ လက်ဝယ် အရောက်ထုတ်ပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက မူဆယ်မြို့ Vigina Tabacco Co.,Ltd အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဖူလုံ ရေးရုံး လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဘေဘီစိုးက ၂၈-၇-၂၀၂၃ ရက်နေ့တွင် Vigina Tabacco Co.,Ltd မှ ဦးစိုင်းလိန် ဆိုင်သည် လုပ်ငန်းခွင်ပြင်ပတွင် မတော်တဆမှုဖြစ်ပွားပြီး သေဆုံး သွားသည့်အတွက်ကြောင့် လူမှု ဖူလုံရေးအဖွဲ့က ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် သိန်း ၉၀ ကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင် အကောင်အထည်ဖော် ကျင့်သုံးခဲ့ ပြီး အာမခံစနစ်(၂)မျိုးဖြစ်သော ကျန်းမာရေးနှင့် လူမှုရေး စောင့် ရှောက်မှု အာမခံစနစ်နှင့် အလုပ် တွင် ထိခိုက်မှု အာမခံစနစ်တို့ကို သာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ Vigina Tabacco Co.Ltd မှ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်း အားလုံးအတွက် ထည့်ဝင်ကြေး ပေးသွင်းသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွား သော ဦးစိုင်းလိန်ဆိုင်၏ ကျန်ရစ် သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်သိန်း ၉၀ ကို ဇနီးဖြစ်သူ ထံသို့ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဘေဘီစိုးက လက်ရောက်ပေးအပ်သည်။
ထို့နောက် Vigina Tabacco Co.Ltdမှ လုပ်ငန်းခွင် မန်နေဂျာ ဦးစိုးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရ သည်။
မူဆယ်(ပြန်/ဆက်)