လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၈၉ သိန်းကျော် ခွင့်ပြုထုတ်ပေး

 

ဥတ္တရသီရိ  ဒီဇင်ဘာ ၁၆


အလုပ်သမားဝန်ကြီးဌာန  လူမှု ဖူလုံရေးအဖွဲ့မှ  ၂၀၁၂ ခုနှစ်  လူမှု ဖူလုံရေးဥပဒေနှင့်အညီ  လုပ်ငန်း ခွင်ပြင်ပ     မတော်တဆထိခိုက် ဒဏ်ရာရ၍     သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံး ငွေရင်းနှင့် နာရေးစရိတ် စုစုပေါင်း ငွေကျပ် ၈၉ သိန်းကျော်  ခွင့်ပြု ထုတ်ပေးခြင်း    အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် ရှိ    လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)   အစည်းအဝေး ခန်းမ၌   ကျင်းပသည်။

 


အခမ်းအနားတွင်   လူမှုဖူလုံ ရေးအဖွဲ့   ခေတ္တညွှန်ကြားရေးမှူး ချုပ်         ဦးတင်ကိုကိုနိုင်က နေပြည်တော်   ကောင်စီအတွင်း   မြို့နယ်         လူမှုဖူလုံရေးရုံး၊ နေပြည်တော်ရုံးခွဲနှင့်   ပျဉ်းမနား ရုံးခွဲတို့တွင်    အကျုံးဝင်မှတ်ပုံ တင်ထားသော အလုပ်ဌာန  ၉၃၉ ဌာန ၊ အာမခံအလုပ်သမားဦးရေ ၂၃၁၂၆ ဦး ရှိပြီး   ပြည်ထောင်စု နယ်မြေ  နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (NDP)   နှင့် အညီအလုပ်ဌာန၊   အလုပ်သမား များ တိုးတက်မှတ်ပုံတင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး    အလုပ် သမားဦးရေ   တိုးတက်လာသည် နှင့်အညီ   လူမှုဖူလုံရေးဆေးခန်း များကိုလည်း   တိုးချဲ့ဖွင့်လှစ်နိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 


ထို့နောက်    ခေတ္တညွှန်ကြား ရေးမှူးချုပ်က ကွယ်လွန်သူအာမခံ အလုပ်သမား  ဦးကျော်မြင့်ဦး၏ ဇနီးဖြစ်သူ   ဒေါ်အေးအေးအောင် အား ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၈၁ သိန်း နှင့် နာရေးစရိတ်ငွေကျပ်     ၈ သိန်း ၁ သောင်းကို    ခွင့်ပြုထုတ် ပေးသည်။

 


လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်   လူမှုဖူလုံရေးဥပဒေ နှင့်အညီ လူမှုဖူလုံရေး ထောက်ပံ့ ကူညီမှု      ၄၀ ရာခိုင်နှုန်းနှင့် လက်ရှိအကောင်အထည်ဖော်နေ သော အာမခံစနစ်နှစ်မျိုးရှိ အကျိုး ခံစားခွင့်  ၁၅ မျိုးအတွက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အမှုတွဲ ပေါင်း  ၄၅၄၈ မှုအတွက် ငွေကျပ် သန်းပေါင်း   ၅၉၅ ဒသမ ၁၈၆ သန်းနှင့်  ၂၀၂၁-၂၀၂၂   ဘဏ္ဍာနှစ် အတွင်း အကျိုးခံစားခွင့်    အမှုတွဲ ၉၀၂ မှုနှင့်      ငွေကျပ်သန်းပေါင်း ၁၇၄ ဒသမ ၅၆၂    သန်းတို့ကို   ခွင့်ပြု ထုတ်ပေးကြောင်း       သိရ သည်။      

အောင်ကို(ပြန်/ဆက်)