
နေပြည်တော် ဒီဇင်ဘာ ၁၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့မီးရထား ယန္တရားအလုပ်ရုံ (မလွှကုန်း)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်း တွင် မြန်မာ့မီးရထား ယန္တရားအလုပ်ရုံ (မလွှကုန်း)သို့ ရောက်ရှိရာ မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ(မြို့ပြ)နှင့် အလုပ်ရုံ အင်ဂျင်နီယာမှူးတို့က အလုပ်ရုံ၏ ရထားသံလမ်း လုပ်ငန်းသုံးပစ္စည်းများနှင့် လက်သုံး ကိရိယာပစ္စည်းများ ထုတ်လုပ်နိုင်မှု၊ ရထား လမ်း ပြုပြင်မွမ်းမံမှုလုပ်ငန်းများတွင် အသုံးပြုနေ သည့် အင်ဂျင်နီယာသုံး စက်ပစ္စည်းများအားပြုပြင် ထိန်းသိမ်းနိုင်မှု၊ ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော ဌာနပိုင် စက်ယန္တရားများ၏ အခြေအနေနှင့် မြန်မာ့ မီးရထား၊ တိုင်းနယ်မြေအလိုက် စက်ယန္တရားများ ဖြန့်ခွဲချထားမှု၊ မွမ်းမံထိန်းသိမ်းမှု ဆောင်ရွက်နေ သည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက အလုပ်ရုံမှထုတ်လုပ်နေသည့် ပစ္စည်းများ ကို အရည်အသွေးပိုမိုကောင်းမွန်အောင် ဆောင်ရွက် ကြရန်နှင့် လုပ်ငန်းခွင်များ၌ လိုအပ်ချက် ပမာဏကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စက်ယန္တရားများကို သတ်မှတ်ထား သော မွမ်းမံထိန်းသိမ်းရေးလမ်းညွှန်ချက်(Maint-enance Manual) များအတိုင်း ပုံမှန်စစ်ဆေး၊ မွမ်းမံ၊ ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို မပျက်မကွက် ဆောင်ရွက်ရန်နှင့် မှတ်တမ်းစာအုပ် (Log Book)များ စနစ်တကျထားရှိ၍ မှတ်တမ်းထားရှိရန် လိုအပ် ကြောင်း၊ လုပ်ငန်းခွင်၌ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံ (Safety Plan) များ၌ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း အမြဲမပြတ် ဂရုစိုက် လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက် ယန္တရားကိုင်တွယ် မောင်းနှင်ရသည့် ဝန်ထမ်းများနှင့် မွမ်းမံပြုပြင် ထိန်းသိမ်းရေး တာဝန်ရှိသည့်ဝန်ထမ်း များကို ကျွမ်းကျင်မှုပြည့်ဝအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဝတ်စုံ၊ပစ္စည်း(Safety Equip- ment) များကို ပြည့်စုံအောင် တပ်ဆင်ပေးရန်လိုအပ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝယ်ယူရရှိ ထားပြီးဖြစ်သည့် သံလမ်းပြုပြင်ထိန်းသိမ်းရေး စက်ယန္တရားအသစ်များနှင့် သံလမ်းပြုပြင်၊ မွမ်းမံရေး လုပ်ငန်းသုံးစက်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ စက်ယန္တရားများ၏ စွမ်းရည်ကို အပြည့်အဝ အသုံးချ နိုင်ရေး၊ သက်တမ်းပြည့် ရေရှည်သုံးစွဲသွားနိုင်ရေး၊ သတ်မှတ်အချိန်များအတိုင်း အချိန်မှန်စက်နှိုး စမ်းသပ်မှု (Function Test) လုပ်ငန်းများကို မပျက် မကွက် ဆောင်ရွက်ကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်