လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် သေဆုံးသူအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေပေးအပ်

 

ပုသိမ်    ဒီဇင်ဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီး  လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် ပုသိမ်မြို့  အမှတ်(၃)နယ်မြေရှိ ပုသိမ်သစ်ထုတ်လုပ်ရေးရုံးမှ အာမခံအလုပ်သမား ဦးအောင်ဆွေဖြိုးသည် လုပ်ငန်းခွင်အတွင်း ထိခိုက် မှုကြောင့် သေဆုံးခြင်းကြောင့် ကျန်ရစ်သူမိသားစုအတွက် အကျိုးခံစား ခွင့်ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

 


အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက အဆိုပါအာမခံအလုပ်သမားအတွက် လူမှုဖူလုံရေး အာမခံ အကျိုးခံစားခွင့် ငွေကျပ် ၁၃၇၅၀၀၀၀  ကို ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ရည်မွန်ထူးထံသို့ ပေးအပ်ခဲ့သည်။

 


အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ခံ အရာရှိနှင့်ဝန်ထမ်းများ၊   ပုသိမ်မြို့နယ်  သစ်ထုတ်လုပ်ရေးဒေသရုံး မန်နေဂျာ ဦးကျော်မျိုးထက်နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                      

 ခရိုင်(ပြန်/ဆက်)