လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၈/၂၂) သင်တန်းဆင်း

 

တောင်ငူ အောက်တိုဘာ ၁၈


ပဲခူးတိုင်းဒေသကြီး ဆရာအတတ်ပညာဦးစီး ဌာန တောင်ငူပညာရေး   ဒီဂရီကောလိပ်၌ အောက်တိုဘာ  ၁၇ ရက်က   လုပ်ငန်းခွင် အကြိုမူလတန်း    ဆရာအတတ်ပညာသင်တန်း   PPTT အမှတ်စဉ် (၈/၂၂) သင်တန်းဆင်းပွဲနှင့် ပညာ ရေးဘွဲ့(စာပေးစာယူ) အမှတ်စဉ် (၂/၂၂) သင်တန်းကြိုဆိုပွဲ     အခမ်းအနားကျင်းပ ခဲ့ကြောင်း  သိရသည်။ 

 


အခမ်းအနားတွင် တောင်ငူပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူ များက မြကျွန်းညိုညို တက္ကသိုလ် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး   တောင်ငူပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြင့် က   အမှာစကားပြောကြားကာ    ဒုတိယ ကျောင်းအုပ်ကြီး ဒေါ်ဝင်းဝင်းမာက သင်တန်း ဆိုင်ရာများ ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် သင်တန်းသား သင်တန်းသူ များက ဦးရွှေရိုးနှင့်ဒေါ်မိုးအကဖြင့် ဖျော်ဖြေ ပြီး   တောင်ငူပညာရေး    ဒီဂရီကောလိပ်  ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါသင်တန်းကို စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက် အထိ ၆၁ ရက်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းသား ၄၆၉ ဦးအား မူလတန်းဆရာ အတတ်ပညာ လက်မှတ်များ ပေးအပ်မည်ဖြစ်ပြီး ပညာရေးဘွဲ့   (စာပေးစာယူ)  အမှတ်စဉ်  (၂/၂၂)   ပထမနှစ် သင်တန်းကို   သင်တန်းသား   ၄၉၁  ဦး တက်ရောက်လျက်ရှိပြီး     သင်တန်းကာလ အနေဖြင့် စက်တင်ဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ    ဖွင့်လှစ်သင်ကြားမည်ဖြစ် ကြောင်း၊ သင်တန်း ပြီးဆုံးပါက ပညာရေးဘွဲ့  (B.Ed) လက်မှတ်ကို   ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။    

 

ခရိုင် (ပြန်/ဆက်)