
နေပြည်တော် မေ ၄
ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်ရှိ ပျားစခန်းကျေးရွာ အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်ကြီးဖြင့် မေ ၂ ရက်တွင် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူသုံးဦးထက်မနည်း သေဆုံး ခဲ့ပြီး အများအပြားထိခိုက်ဒဏ် ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
မှန်ကန်မှုမရှိ
အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသား
တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်အပေါ် နိုင်ငံရေး အရ ထိုးနှက်တိုက်ခိုက်ရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မြေပြင်အခြေအနေနှင့် လွဲမှားနေသည့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှု ကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်