လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆိုင်ရာ  ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်

 

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာနှင့် မြိုင်မြို့နယ် မကြီးကန်ကျေးရွာတို့ရှိ ကျေးရွာဘုန်းကြီးကျောင်းများ၊  စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများနှင့် လူနေအိမ်များအကာကွယ်ရယူ၍ အကြမ်းဖက်မှုများလုပ်ဆောင်၊ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆိုင်ရာ  ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်

 

နေပြည်တော်   ဧပြီ   ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏အကြမ်းဖက်ဌာနချုပ် NUG ရုံးတည်ဆောက်၍  ဧပြီ  ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်စီစဉ်လျက် ရှိသဖြင့် အကြမ်းဖက်မှုကို  မလိုလားသည် ဒေသခံပြည်သူတို့၏ အချိန် နှင့် နေရာတိကျစွာ သတင်းပေးပို့လာမှုအရ တပ်မတော်က လေကြောင်း အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့မှုအား  နိုင်ငံပိုင်  နေ့စဉ်ထုတ် သတင်းစာများနှင့် ရုပ်မြင်သံကြားတို့မှ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ တို့ဖြင့် ဧပြီလ ၁၃ ရက်နေ့တွင် အပြည့်အစုံ ဖော်ပြခဲ့ပြီးဖြစ်သည်။
ဖော်ပြပါ သတင်းများအရ ဧရာဝတီမြစ်အရှေ့ခြမ်းတွင် NUG အကြမ်းဖက်အဖွဲ့၏ အရှေ့ဘက်ဌာနချုပ်အဖြစ် အခြေပြုရန် ကြိုးပမ်း လျက်ရှိသော မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံး ကောက်၊ ရွာသစ်ကုန်းနှင့် နမ့်လန်ကျေးရွာများတစ်ဝိုက်ရှိ KIA ရင်း(၁၂)နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်အဖွဲ့များထံမှ အလောင်းနှင့်လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ကျေးရွာများ အတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် လူနေအိမ်များတွင် ဘန်ကာများ၊ ပစ်ကျင်းများနှင့် မိုင်းအတားအဆီးများ ထောင်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ကန့်ဘလူမြို့နယ်   ပဇီကြီးကျေးရွာနှင့်  ပတ်ဝန်းကျင်ကျေးရွာများ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ထပ်မံရောက်ရှိနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ  ဧပြီ ၂၀ ရက်တွင် တပ်မတော် စစ်ကြောင်းများဖြင့် သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ    အကြမ်းဖက်သမားများနှင့်   ထိတွေ့တိုက်ပွဲများ  ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ မြောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။
ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
အဆိုပါကျေးရွာ   အနီးတစ်ဝိုက်အား  လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနီးမှ အကြမ်းဖက်သမား အလောင်း လေးလောင်း၊ ကျည်အိမ် နှစ်ခု၊ ၄၀ မမဗုံးသီး   ငါးလုံး၊  သဲအိတ်ဘန်ကာများ၊  ကျောင်းခြံစည်းရိုးအနီး ဆက်သွယ်ရေးမြောင်းနှင့်ပစ်ကျင်းများ၊ အကြမ်းဖက်သမားများ အသုံး ပြုခဲ့သည့် ဆိုင်ကယ်  ခုနစ်စီး၊ လူနေတဲများ၊ ၁၂ ဗို့ကျည် ၁၀ တောင့်၊ မိုင်းရှာစက် တစ်လုံး၊   ဘက်ထရီအိုးအကြီး သုံးလုံး၊  ပြောက်ကျား ယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အလားတူ  မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မကြီးကန် ကျေးရွာအနီးတစ်ဝိုက်၌  PDF  အမည်ခံ  အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေကြောင်း ဒေသခံ များကပင် သတင်းပေးပို့လာမှုအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဧပြီ ၁၈  ရက်နှင့်   ၁၉ ရက်တို့တွင်   သွားရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ  အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။အဆိုပါ ကျေးရွာ ကျေးလက် ဆေးပေးခန်းအတွင်းမှ အမ်-၂၂ ကျည်အိမ် မျိုးစုံ ၁၀ ခု၊  တရုတ်လက်ပစ် ဗုံးမျိုးစုံ ၁၈ လုံး၊ ဗုံးသီးမျိုးစုံ  လေးလုံး၊  ၁၂  ဗို့ကျည်  အတောင့် ၃၀၊ ၅ ဒသမ ၅၆ မမကျည် အတောင့် ၆၀၀၊ ၇ဒသမ ၆၂ မမကျည် အတောင့် ၁၀၀၊ ရိုင်ဖယ်ကျည် အတောင့် ၅၀၊ ကားမျိုးစုံ လေးစီး၊ ဆိုင်ကယ်မျိုးစုံ အစီး ၂၀၊ ပြောက်ကျားယူနီဖောင်းများ၊ ဆက်စပ်ပစ္စည်းများအား လည်း ကောင်း၊ အဆိုပါ ကျေးရွာရှိ နေအိမ်များအတွင်းမှ  လက်လုပ်ရှော့တိုက် ပြောင်း   ရှစ်ခု၊   လက်လုပ်မိုင်းစုံ  ၄၆  လုံး၊ ယမ်း ၈ ပိဿာ ၄ ထပ်၊ လက်တော့ပ် နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှု နှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ   သွားရောက်၍  လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုအရ မြေပြင်တွေ့ရှိချက်များသည် တစ်ထပ်တည်းတွေ့ရှိ ရပြီး သတင်းပေးပို့လာသည့် အချက်အလက်များအတိုင်း အကြမ်းဖက် အဖွဲ့များသည်    ကျေးရွာဘုန်းကြီးကျောင်း၊  စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများအတွင်း ဘန်ကာများ ဆောက်လုပ်ခြင်း၊ ပစ်ကျင်းများ တူးထားခြင်း၊ ကျေးရွာပတ်လည်တွင် လက်လုပ်မိုင်းများ ဖြင့် အတားအဆီးပြုလုပ်ထားခြင်းများကို တွေ့ရှိရသည်။ ထို့အပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့်  ၎င်းတို့လှုပ်ရှား  သွားလာမှုများတွင် အပြစ်မဲ့ဒေသခံ ရွာသူ/ရွာသားများကို အလှည့်ကျခေါ်ဆောင် လိုက်ပါ စေပြီး တိုက်ပွဲဖြစ်ပွားချိန်များတွင် ရွာသူ/ ရွာသားများကို လူသားတံတိုင်း (Human Shield)အဖြစ် အသုံးချလျက်ရှိကြောင်းကိုလည်း မြေပြင် တွေ့ရှိချက်များအရ  ဖော်ထုတ်သိရှိရသည်။ ၎င်းတို့ အသုံးချနေသော ရွာသူ၊ ရွာသားများ ထိခိုက်သေဆုံးမှုရှိပါက တပ်မတော်အပေါ် မီဒီယာ အရ ဝါဒဖြန့်မှုများဖြင့်   ဂုဏ်သိက္ခာကျဆင်းအောင်   လုပ်ဆောင်လျက် ရှိသည်။
ထို့အပြင် အကြမ်းဖက်သမားများသည် ဧပြီ ၂၀ ရက်တွင် မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ၌ လုံခြုံရေးဆောင်ရွက်နေသည့်   တပ်ဖွဲ့ဝင်များအား  မော်တော်ယာဉ် တစ်စီးပေါ်မှ    သံဃာတော်များအသွင်ယူ၍  လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်တချို့  ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်သည်   ပြည်သူလူထုအများစု  ကိုးကွယ်ယုံကြည် အလေးထားသော ဘုန်းတော်ကြီးများအသွင်ဟန်ဆောင်ကာ သာသနာ ၏ အမြတ်တနိုး  တန်ဖိုးထားသော  သင်္ကန်းကိုအသုံးချ၍  လုံခြုံရေး တပ်ဖွဲ့ဝင်များကို အငိုက်ဖမ်းတိုက်ခိုက်မှုသည် ပြည်သူလူထုတစ်ရပ်လုံး အပေါ်  စိတ်နှလုံးညှိုးနွမ်းစေရုံသာမက နိုင်ငံတကာတွင်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေသော လုပ်ရပ်ဖြစ်သည်။
ပြည်သူများကို လူသားတံတိုင်းအဖြစ်အသုံးချ
PDF အမည်ခံ   အကြမ်းဖက်သမားများသည်   ပြည်သူလူထုနှင့် တပ်မတော်က လိုလားသော ထာဝရငြိမ်းချမ်းရေးကို မျက်ကွယ်ပြုကာ ၎င်းတို့၏ကိုယ်ကျိုးကို ရှေ့တန်းတင်လုပ်ဆောင်နေသော လက်နက်ကိုင် သောင်းကျန်းသူများ၏   အထောက်အပံ့များကို   ရယူကာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အလှမ်းကွာဝေးသော ဒေသများတွင် ဒေသခံလူထု အား အနိုင်ကျင့်ခြိမ်းခြောက်၍ ကျေးရွာဘုန်းကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းနှင့်လူနေအိမ်များတွင် သဲအိတ်၊ ဘန်ကာများ ဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးခြင်း၊ ပတ်ဝန်းကျင်တွင် လက်လုပ်မိုင်းအတားအဆီးများ  ထောင်ထားခြင်းများ  ပြုလုပ်လာခဲ့ သည်။ ထို့အပြင် အကြမ်းဖက်လုပ်ရပ်များ   လုပ်ဆောင်ရာ၌  ဘုရား ကျောင်းကန်၊ ရဟန်းသံဃာနှင့်သီလရှင်များအပေါ်တွင်လည်း ရက်စက် ယုတ်မာမှုများ လုပ်ဆောင်လာခဲ့ပြီး ဗုဒ္ဓဘာသာဝင်တို့ အထွက်အမြတ် ထားရာ သင်္ကန်းကို အသုံးချ၍ အကြမ်းဖက်မှုလုပ်ရပ်များကိုလည်း စက်ဆုပ်ရွံရှာဖွယ် ပြုလုပ်လာကြောင်း တွေ့ရှိရသည်။ အဆိုပါ အများနှင့် သက်ဆိုင်သော၊ စစ်ဘက်နှင့် မသက်ဆိုင်သည့် အဆောက်အအုံနေရာများ ကို အသုံးချခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ်အသုံးချခြင်း စသည့် စစ်ရာဇဝတ်မှု( War Crime)ကို ကျုးလွန်ခြင်းဖြစ်ပြီး  ၎င်းတို့၏ ယုတ်မာသော လုပ်ရပ်များနှင့်ပတ်သက်၍လည်း ၎င်းတို့အပေါ် ရွံမုန်း ကြောက်ရွံ့နေသည့် ပြည်သူများအနေဖြင့် ရရှိသည့်အခွင့်အရေးအပေါ် မူတည်၍    သတင်းအချက်အလက်များကို   လုံခြုံရေးတပ်ဖွဲ့များထံ အဆက်မပြတ် ပေးပို့လျက်ရှိသည်။                      

 


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   ပြည်သူ၏   အသက်အိုးအိမ် စည်းစိမ်နှင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး အတွက် ဥပဒေမဲ့လုပ်ရပ်များ ကျုးလွန်ကာ  ပြည်သူအပေါ် နိုင်ထက် စီးနင်း အနိုင်ကျင့်သတ်ဖြတ်နေသော အကြမ်းဖက်အဖွဲ့များကို ဥပဒေ နှင့်အညီ အင်အားအကန့်အသတ်ဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင် ရေးဆင်နွှဲနေခြင်းဖြစ်သည်။  ထို့အပြင်  လက်နက်ကိုင်ပဋိပက္ခများတွင် လိုက်နာရသည့်  အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ၊ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆိုင်ရာ ထိတွေ့တိုက်ခိုက် မှုစည်းမျဉ်းများ (Rules of Engagement- ROE)နှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်နိုင်ရေး ပြည်သူ လူထုနှင့်   လက်တွဲပူးပေါင်းကာ  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။                                        
 သတင်းစဉ်