နေပြည်တော် အောက်တိုဘာ ၁၉
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ကျန်ဗဟိုကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ကြရမည့် ကိစ္စရပ် များ ကြိုတင်ဆောင်ရွက်နိုင်ရန် ပထမအကြိမ် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ထူးခြားခမ်းနားသည့် နိုင်ငံတော်အဆင့် အခမ်း အနားကြီး တစ်ခုအဖြစ် စီမံဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။
တူညီချက်များကို လက်တွဲပူးပေါင်း
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရသည့်အချိန်မှစတင်၍ ယနေ့အချိန်အထိ အစိုးရအဆက်ဆက် ပြောင်းလဲ လာသော်လည်း လွတ်လပ်ရေး ဆုံးရှုံးစဉ်ကာလ တစ်လျှောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများ ကြောင့် အယူဝါဒအရေး၊ တိုင်းရင်းသားအရေးနှင့် ဘာသာရေးအပေါ် အခြေခံသည့် မတူညီသော ခံယူ ချက်များနှင့် ယုံကြည်ချက်များသည် လွတ်လပ်ရေး နှင့်အတူ ပေါက်ဖွားလာခဲ့ပြီး ယနေ့တိုင် တိုင်းပြည် သည် မတည်ငြိမ်မှု၏ ဆိုးမွေများကို ခံစားနေကြ ရဆဲဖြစ်ကြောင်း၊ အဆိုပါ မတူညီသောခံယူချက် ယုံကြည်ချက်များအပေါ် မတူတာတွေ ဘေးဖယ်ပြီး တူညီချက်များကို လက်တွဲပူးပေါင်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူစဉ် ကာလကတည်းကပင် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းလျက် NCA လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖိတ်ခေါ်လျက် တစ်ဖွဲ့ချင်းစီအား ထာဝရငြိမ်းချမ်း ရေးရရှိစေရေး တွေ့ဆုံဆွေးနွေးမှု စားပွဲဝိုင်း၌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံ၍ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း၊ လုပ်ငန်းညှိနှိုင်း ရေးအဖွဲ့များက နှစ်ဖက်လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေးအဖြေရှာ ဆွေးနွေးစေလျက်ရှိသလို တစ်ဖက် ၌လည်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူသည့် အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်ကို ချမှတ် အကောင်အထည်ဖော်နိုင်စေရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ မတူညီသည့်ဝါဒအကြောင်းအရာများ အတတ်နိုင်ဆုံး နားလည်လက်ခံလာစေရန်၊ မတူညီ သည်များကိုဖယ်ရှား၍ တူညီသည်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အပြင် လက်ရှိကျင့်သုံးလျက်ရှိ သည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့ဖြစ်၍ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဆင်ယင်ကျင်းပရာတွင်လည်း အထက်ပါ မူဝါဒများကို ဦးတည်လျက် စီမံဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံ၏ လွတ်လပ်ရေးသည် အလွယ်တကူရရှိ ခဲ့ခြင်း၊ အလွယ်တကူရယူနိုင်ခဲ့ခြင်း မဟုတ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးသည့် ကာလမှ လွတ်လပ်ရေး ပြန်လည်ရယူသည့် ကာလအထိ နှစ်ပေါင်းတစ်ရာ ကျော်မျှ မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ အသက်၊ သွေးနှင့် ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရ ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးရန် တစ်ရက်၊ တစ်မနက် နှင့် ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေး ပြန်လည်ရယူနိုင်ရန် အရင်းအနှီး မြောက်မြားစွာ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ ထိုသို့လွတ်လပ်ရေး ပြန်လည်ရယူရန် ကြိုးပမ်းရင်းနှီးပေးဆပ်ခဲ့ရသည် များကို မမေ့မပျောက်စေရန်နှင့် ရရှိပြီး အချုပ်အခြာ အာဏာကို တည်တံ့ခိုင်မြဲစေရန် ဦးတည်ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းရေးသည် မျိုးဆက်သစ် လူငယ်မောင်မယ်များအပါအဝင် မြန်မာနိုင်ငံသား များအားလုံး စဉ်ဆက်မပြတ် ထိန်းသိမ်းရန် တာဝန် ရှိသည်ဆိုသည့် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်များ ပေါ်ပေါက်ကိန်းဝပ်လာစေရန် ပုံဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပြည်ထောင်စုတည်ဆောက်ရေးကို ပုံဖော်ကြရမည်
အလားတူ လွတ်လပ်ရေးကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများကြောင့် နိုင်ငံ တော်အနေဖြင့် တိုးတက်သင့်သလောက် မတိုးတက် ခဲ့သည်များမှသည် တည်ငြိမ်အေးချမ်းမှသာ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုများ ရရှိခံစားနိုင်မည့် အခြေအနေအပြင် ထိုသို့ဖြစ်ပေါ် ပြောင်းလဲလာစေရေး ယနေ့နိုင်ငံတော်ဝန်ကြီးချုပ်မှ ချမှတ်ထားသည့် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ် နှင့် ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းပုံဖော်နေသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးတို့ကိုလည်း ပုံဖော်ကြရမည်ဖြစ်ကြောင်း။
သို့ဖြစ်၍ (၇၅ )နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅) ရပ် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ အဆိုပါ အမျိုးသားရေးဦးတည်ချက် (၅) ရပ်မှာ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရေး၊ နိုင်ငံ့အကျိုး တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ရှေးရှုပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “ Keep Moving Forward to Achieve Our Goal ” ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝ တည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်း ဆောင်ရွက်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြု ပါဝင်နိုင်သည့် ရွေးကောက်ပွဲ စနစ်ဖြစ်ပေါ်လာစေရေးတို့ဖြစ်ကြောင်း။
စနစ်တကျစီမံဆောင်ရွက်သွားကြရမည်
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီကိုဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ လုပ်ငန်းကော်မတီနှင့် လိုအပ်သည့် ကော်မတီခွဲများဖွဲ့စည်းကာ လုပ်ငန်း များကို ယနေ့အစည်းအဝေးပြီး နောက်ပိုင်းမှစ၍ အသေးစိတ် စနစ်တကျညှိနှိုင်း စီမံဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအတွက် လေ့ကျင့်ဆောင်ရွက်စဉ်နှင့် အခမ်းအနားကျင်းပစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကိုလည်း စနစ်တကျဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရာနှုန်းပြည့် လုံခြုံမှု ရှိစေရေးနှင့် မကျိုးပေါက်စေရေး ရှုထောင့်ပေါင်းစုံဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ် စီမံဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ပါဝင်လှုပ်ရှား ကြမည့် ပုဂ္ဂိုလ်များအားလုံးသည် ကြုံတောင့်ကြုံခဲ ဆင်နွှဲရသည့် အခမ်းအနားကြီးဖြစ်သည်နှင့်အညီ အဆိုပါ အခွင့်အရေးတွင် မိမိတို့ ပါဝင်ပူးပေါင်း ဆောင်ရွက်ခွင့်ရသည့် ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူစွာ ခံစားနိုင်စေရေး စည်းရုံးရေး နည်းလမ်းဖြင့်သာ တာဝန်ပေးအပ်ရန်၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ နောက်ဆုံးအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် တာဝန်ရှိသူများ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ
ထို့နောက် ဗဟိုကော်မတီဝင်များက စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီ၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်း ကော်မတီ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်း ကော်မတီ၊ ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ မိန့်ခွန်းနှင့် သဝဏ်လွှာပြုစုရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းကော်မတီနှင့် စာရင်းစစ်ဆေးရေးလုပ်ငန်း ကော်မတီများ ဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းတာဝန် များ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အပါအဝင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွပ်လပ်ရေး နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားကျင်းပရေးကော်မတီနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အတည်ပြုချက်ရယူသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



