
ရေကြည် ဒီဇင်ဘာ ၂၉
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြားမှု၊ ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်မှုတို့ဖြင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ရေကြည် မြို့နယ် စ ည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်ထားသော ရေကြည် မြို့အတွင်း မိတ္ထီလာတံတားသစ် ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အောင်ဆန်း မြို့ပတ်လမ်းရှိ အဆိုပါ တံတားမုခ်ဦးတွင် ကျင်းပသည်။
တံတားဖွင့်ပွဲအခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင် မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကမ္ပည်းမော်ကွန်း ကျောက်စာ တိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ တံတားပေါ်သို့ လှည်လည့်ကြည့်ရှု စစ်ဆေး သည်။
အဆိုပါ သံကူကွန်ကရစ် တံတားမှာ အလျားပေ ၆၀ ၊ အနံပေ ၃၀၊ အမြင့် ၂၂ပေ၊ ကျယ်ဝန်းပြီး တံတားခံနိုင်ဝန် (ယာဉ်တစ်စီးချင်း) တန် ၃၀ ဖြစ်ပြီး တင်ဒါအောင်မြင်ခဲ့သည့် Emereld Delta ကုမ္ပဏီမှ တင်ဒါအောင်မြင် ငွေကျပ် ၂၂၄ ဒသမ ၅၅ သန်းဖြင့် ဇွန် ၃ ရက် မှစတင်၍ ဆောက်လုပ်ခဲ့ ကြောင်း သိရသည်။
အောင်သူဟန်
(ပြန်/ဆက်)