
မန္တလေး ဒီဇင်ဘာ ၂၉
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်က မြို့နယ်ပြန်/ဆက်ဦးစီးဌာနတွင် ကျင်းပ သည်။
စာစီစာကုံးပြိုင်ပွဲတွင် အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ် (၁)၊ အမှတ်(၄)၊ အမှတ်(၈)၊ အမှတ် (၁၀)နှင့် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၅ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကာ မြို့နယ်စာရေးဆရာအသင်း၊ စာပေချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များက အကဲဖြတ်အမှတ်ပေး ဆုများ ရွေးချယ်သည်။
စာစီစာကုံးပြိုင်ပွဲတွင် ပထဆုနှင့် ဒုတိယဆုကို အထက(၄)မှ မအိမြ အိန္ဒြေနှင့် မနှင်းအိဖြူ၊ တတိယဆုကို အထက (၁၀)မှ မောင်ကျော်သူ ရိန်ထွန်း၊ နှစ်သိမ့်ဆုများကို အထက (၁၀)မှ မောင်စိန်စီရာမောင်၊ အထက (၈)မှ မမေစုခင်တို့က ဆုများရရှိပြီး တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)