လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊  အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ်

 

 

နေပြည်တော်   ဇန်နဝါရီ    ၄
ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင် မဆုံးဖြစ်ရသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်နှင့်အညီ   လွတ်လပ်ရေးနေ့   အလံတင် အခမ်းအနားများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများအား မြန်မာ နိုင်ငံ အနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။
၎င်းအပြင် တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံ များ၊  အများနှင့်သက်ဆိုင်သော နေရာများ၌ ဘုရား ဖူးမြော်သူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အပြင်      နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊  မန္တလေးမြို့ကြီးများ  အပါအဝင်   အခြား မြို့ကြီးများ၌   လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ဂုဏ်ပြုမီးအလှများ ထွန်းညှိခြင်းများ ဆောင်ရွက် ကြရာ(ဝဲပုံ) လာရောက်ကြည့်ရှုသူ မိဘပြည်သူများ ဖြင့်  စည်ကားများပြားလျက်ရှိကြောင်း  သတင်း ရရှိသည်။                                         သတင်းစဉ်