လွတ်လပ်ရေးနေ့အကြောင်း သိမှတ်ဖွယ်ရာများ လက်ကမ်းစာစောင်ဖြန့်ဝေ

 

သီပေါ   ဇန်နဝါရီ   ၂


လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(မြောက် ပိုင်း) သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်နီလာစိုးနှင့် ဝန်ထမ်းများသည်  ဇန်နဝါရီ ၄ ရက်တွင် ကျရောက် မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံး များနှင့် ရပ်ကွက်များသို့ ကွင်းဆင်းဖြန့်ဝေပေးသည်။

 


အဆိုပါလက်ကမ်းစာစောင်များတွင် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ ၁၉၄၆ ခုနှစ်  ဇန်နဝါရီ ၂၀ ရက် ရွှေတိဂုံအလယ် ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီ  ၄ ရက် ပထမဦးဆုံးအဖြစ် လွတ်လပ်ရေးနေ့ တွင် ပြောကြားခဲ့သည့် ဝန်ကြီးချုပ် ဦးနု မိန့်ခွန်းများ၊ မြန်မာ့လွတ်လပ် ရေးကာလတစ်လျှောက်   ချုပ်ဆိုခဲ့သောစာချုပ်များ   နိုင်ငံ‌တော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ခြောက်လပြည့် နိုင်ငံတာဝန်ထမ်းဆောင် ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသော မိန့်ခွန်းများနှင့် “တို့များဆင်မြန်း လွတ်လပ်ပန်း”ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များဖြင့် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားသည့် လက်ကမ်းစာစောင်ဖြစ်ကြောင်း သိရသည်။


စိုင်း(သီပေါ)