လွတ်လပ်ရေးနေ့ ဥပစာရင်ပြင် မြင်ကွင်းများနှင့်အတူ နှစ်ရာထောင်မက ကမ္ဘာတည်သရွေ့တည်နေမည့် မြန်မာ

Type
1

 

မိုးကေနိုင်

(ယမန်နေ့မှအဆက်)
ပြန်လည်အမှတ်ရစေသည်၊ မြင့်မြတ် သည့် ကိုယ်ပိုင်ရွှေထီးရွှေနန်းခေတ်ကို 
တစ်ချိန်တည်းမှာပင် နေပြည်တော် ကောင်စီနယ်မြေ အခြေခံကျောင်းများမှ ကျောင်းသား  ကျောင်းသူများကလည်း စာလုံးစာသားများကို   သရုပ်ဖော်ပုံစံ အမျိုးမျိုးဖြင့် လှပညက်ညောစွာ ပုံဖော် တင်ဆက်ခဲ့ကြသည်ကို ဂုဏ်ယူစွာဖြင့် ကြည့်ရှုခဲ့ရပါသေးသည်။   ထို့နောက်  ခြင်္သေ့၊   လွတ်လပ်ရေးကျောက်တိုင်၊ လွတ်လပ်ရေး    ကြေညာစာတမ်း၊ ငြိမ်းချမ်းရေးချိုးငှက်နှင့် တိုင်းရင်းသား စစ်သည်များကို သယ်ဆောင်လာသော ဦးဆောင် ဂုဏ်ပြုယာဉ်တစ်စီးက ရှေ့မှ ဦးစီး၍  နိုင်ငံတော်အကြီးအကဲနှင့်တကွ ဧည့်သည်တော်များကို ဂုဏ်ပြုချီတက် ပြသခဲ့ကြသည်။ 
မြန်မာတို့၏   ရှေးခေတ်ဘုရင်နှင့် မိဖုရား၊ အိမ်ရှေ့မင်းနှင့်   သားတော် သမီးတော်များ၊    စစ်သူကြီးနှင့်တကွ ရဲမက်စစ်သည်များ၊  သူဌေးသူကြွယ်များ၊  ဆွေတော်မျိုးတော်များ၏ သမိုင်းအစဉ် အလာကို ဖော်ကျူးသောမြင်ကွင်းများ ကလည်း    ဦးဆောင်ယာဉ်နောက်မှ ထက်ကြပ်လိုက်ပါလာသည်။   သမိုင်း အစဉ်အလာကြီးခဲ့သည့် ရှေးဘုရင်ခေတ် မြင်ကွင်းက ထိုခေတ်ကာလ ကိုယ့်ထီး ကိုယ့်ကြငှန်းဖြင့် လွတ်လပ်စွာနေထိုင် ခဲ့ကြရသည့် ပထမ ၊ ဒုတိယ၊ တတိယ စသည် မြန်မာခေတ်များကို ပြန်လည် အမှတ်ရစေသည်။   ကိုယ်ပိုင်ရွှေထီး ရွှေနန်းဖြင့် မြင့်မြတ်သည့်ဂုဏ် ကျက်သရေ တို့ ထည်ဝါခဲ့ပုံကို ပြသနိုင်ခဲ့ခြင်းပင်ဖြစ် သည်။ 
ထိုမှ လွတ်လပ်ရေးမရမီ၊ လွတ်လပ် ရေးရပြီး ခေတ်အဆက်ဆက်ကိုယ်စားပြု စစ်အသုံးအဆောင်နှင့် စစ်အ၀တ်အစား များဖြင့် ပုံဖော်ပြသမှုများက နောင်လာ မျိုးဆက်တို့အတွက်  ဝင့်ကြွားထည်ဝါ ခဲ့သည့် သမိုင်းအမွေနှင့် ဇာတိမာန်ကို လက်ဆင့်ကမ်းရာ   ရောက်ပါသည်။ ထို့နောက်တပ်မတော် (ကြည်း၊ ရေ၊ လေ)  ဂုဏ်ပြုယာဉ်များက သက်ဆိုင်ရာကဏ္ဍ အလိုက်နှင့်   နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးပြည်နယ်များ ၏   အထိမ်းအမှတ်ဂုဏ်ပြုယာဉ်များ၊ ကပြဖြေဖျော်ခြင်းများကလည်း ကြည့်ရှုသူ အပေါင်းကို ကျေနပ်ဝမ်းမြောက်စေသည်၊ ဗဟုသုတတိုးစေသည်၊   ပြည်ထောင်စု စိတ်ဓာတ်ကို ပိုမိုခိုင်မာစေပါသည်။  
ငြိမ်းချမ်းရေးသင်္ကေတတစ်ခုနှင့် ဇာတိမာန် 
ကျွန်တော်တို့ နိုင်ငံ၏လွတ်လပ်ရေး ကို စဉ်းစားလျှင် ငြိမ်းချမ်းရေးနှင့် အတူ ယှဉ်တွဲစဉ်းစားရမြဲဖြစ်သည်။ ငြိမ်းချမ်းမှ လွတ်လပ်မည်ဟုဆိုလေရာ     ထာဝရ ငြိမ်းချမ်းရေးသည် တိုင်းရင်းသားပြည်သူ အပေါင်း၏ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်သည်။   ငြိမ်းချမ်းရေး၏     သင်္ကေတ အဖြစ် ချိုးဖြူငှက်ကလေးများကို တင်စား လေ့ရှိကြသည်။ ထို့ကြောင့်   ပြည်သူ ပြည်သားများအနေဖြင့်   ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို အမိအရဆုပ်ကိုင်နိုင် ရန်   လွတ်လပ်ရေးနေ့ထူးနေ့မြတ်ကို ဂုဏ်ပြု၍ ချိုးဖြူလေးတို့ လွတ်လပ်စွာ ပျံသန်းနိုင်ရန် ချိုးဖြူငှက်အကောင် ၇၅၀ ကို လွှတ်ပေးခဲ့သည့် မြင်ကွင်းကလည်း ကြည်နူးစရာတစ်ခုပင် ဖြစ်ခဲ့ပါသည်။
လွတ်လပ်ရေးနေ့  အခမ်းအနားနှင့် အတူ ပြည်သူလူထုနှင့် ကျောင်းသား လူငယ်များကို စည်းရုံးလှုံ့ဆော်သွားနိုင် ခဲ့သည့် အထူးစည်ကားခဲ့သည့် အစီအစဉ် တစ်ခုကား နေပြည်တော် ဥပ္ပါတသန္တိ  ရှေ့   တပေါင်းကွင်းတွင်   ပြုလုပ်သည့် ပြည်နယ်/တိုင်းဒေသကြီး တိုင်းရင်းသား ရိုးရာ ဒေသထွက်အစားအစာနှင့် အရောင်း ပြခန်းများ၊  ဝန်ကြီးဌာနပြခန်းများနှင့် အထိမ်းအမှတ်ဂုဏ်ပြုယာဉ်များပင် ဖြစ် သည်။   ဝန်ကြီးဌာန၊    နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းပေါင်း    ၅၅   ခန်းနှင့် ကိုယ်စားပြုယာဉ် ၄၈ စီးတို့က ဆိုင်ရာ ဆိုင်ရာအလိုက် တာဝန်ကျေခဲ့ကြသည်။ 
လာရောက်ကြသူများကို နွေးထွေးစွာ ဖြေဖျော်ဧည့်ခံကြသည်များ၊    ရိုးရာ ယဉ်ကျေးမှုအထိမ်းအမှတ်နှင့် တိုင်းရင်း သားခေါင်းဆောင်များ၏    ရုပ်တုများ၊ အထင်ကရနေရာများ၊ နိုင်ငံသယံဇာတ များကို  တစ်ပြိုင်တည်း   လေ့လာသိရှိရ သည်များက စိတ်အားထက်သန်နေသော ပြည်သူလူထုကြီးအတွက် အဖိုးအနဂ္ဂ ထိုက်တန်လှသည်။ မရောက်ဖူးသည့် ထိုဒေသ၊  ထိုနေရာများသို့   ကိုယ်တိုင် ရောက်သွားသည့်နှယ်   ခံစားမိသည်။ လူသုံးကုန်ဆိုင်များမှာ ဝယ်ယူလိုသည် ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူခွင့်ရကြ သည်။ ပဟေဠိအစီအစဉ်၊ ဂိမ်းနှင့် ကံစမ်းမဲ အစီအစဉ်များမှာ ဖြေကြားခွင့်၊ ကစား ခွင့်၊ ကံစမ်းခွင့်များ ရကြသည်။ မြူးကြွ သော အနုပညာတေးဂီတအကဖြေဖျော် ပွဲများက  မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို ရှင်သန်နိုးကြားစေပြီး ငြိမ်းချမ်းရေး၏ အရသာကို ခံစားမိစေသည်။  
တိကျသော ရည်မှန်းချက်များ အောက်မှာ စနစ်ကျသောဖွဲ့စည်းမှု
ဤသို့ ထူးခြားလေးနက်ခမ်းနားလှ သော နိုင်ငံတော်အဆင့်အခမ်းအနားကြီး အောင်မြင်စွာဖြင့် ပြီးမြောက်သွားခြင်းမှာ ဂုဏ်ယူဖွယ်ရာ    ကောင်းလှပါသည်။ အောင်မြင်ခြင်း၏        နောက်ကွယ်မှ အကြောင်းတရားများကား   အဘယ် နည်း။ တိကျသောရည်မှန်းချက်အောက် တွင် ပြီးပြည့်စုံသောစီမံချက်၊  ထိရောက် သောဖွဲ့စည်းမှုနှင့်  စနစ်ကျသော   စီမံ ခန့်ခွဲမှုများ ရှိနေပါလိမ့်မည်။ အောင်ပွဲက သက်သေခံပြီးဖြစ်၍   များစွာချမပြလို တော့ပါ။   မိမိနှင့်နီးစပ်ရာ    တစ်စိတ် တစ်ပိုင်း ပါဝင်ထမ်းဆောင်ခွင့်ရခဲ့သည့် ကော်မတီများ ဖွဲ့စည်းမှုကိုတော့ လေ့လာ မိသည်။ 
နိုင်ငံတော်အဆင့်တွင်  ကျင်းပရေး ဗဟိုကော်မတီနှင့် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဟူ၍ ဖွဲ့စည်းထားရှိ သည်။ ဤကော်မတီနှစ်ရပ်အောက်တွင် လုပ်ငန်းကော်မတီ ၁၁ ခု၊ ဆပ်ကော်မတီ ၁၀ ခုကို ထပ်မံဖွဲ့စည်းထားပြန်သည်။ လုပ်ငန်းကော်မတီ   ၁၁   ခုတွင် ဂုဏ်ပြု ယာဉ်များ  တည်ဆောက်ရေး၊   အထိမ်း အမှတ်ပြခန်း၊     ဧည့်ခံပွဲနှင့်    ညစာ စားပွဲ၊                 မီးရှူးမီးပန်းများပစ်ဖောက်ရေး၊ ညစာ စားပွဲအလှပြ Drone လွှတ်တင် ဖျော်ဖြေရေး၊   လုံခြုံရေး၊    ပြန်ကြားရေး၊ ကျန်းမာရေး၊       အားကစားပြိုင်ပွဲများ ကျင်းပရေး၊      စာရင်းစစ်နှင့်      မိန့်ခွန်း သဝဏ်လွှာပြုစုရေး   စသည်များ   ပါဝင် သည်။ 
ဆပ်ကော်မတီ   ၁၀ ခုကို  လေ့လာ မိသည်မှာ  စစ်ရေးပြချီတက်ခြင်း၊ အခမ်း အနားပြင်ဆင်ရေး၊         ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဖျော်ဖြေရေး၊ စာလုံးသရုပ်ဖော်၊ ပို့ဆောင်ရေး၊ ပြန်ကြား ရေးနှင့်        လှုံ့ဆော်ရေး၊      ဘဏ္ဍာရေး၊ မှတ်တမ်းတင်၊ ဧည့်ခံကျွေးမွေး၊ ဆုချီးမြှင့် ရေး   စသည်ဆိုင်ရာကော်မတီများကို တွေ့ရပါမည်။ ဟာကွက်မရှိ ထောင့်စေ့ အောင် ဖွဲ့စည်းစီမံထားရှိမှု၏ အောက်တွင် လိုအပ်ချက်အချို့  ရှိကောင်းရှိနိုင်သော် လည်း ပူးပေါင်းညှိနှိုင်းမှု အားသာချက်က အနည်းဆုံးသော အားနည်းချက်များကို သာ ဖြစ်စေပါလိမ့်မည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဟန်ချက်ညီစွာ လှုပ်ရှားဆောင်ရွက်နိုင်မှု က        ရလဒ်ကောင်းများ     ထွက်ပေါ်ရန် အားသာချက်နှင့် အခွင့်အလမ်းကောင်း များစွာကို ဖြစ်ပေါ်စေခဲ့သည်ဟု သုံးသပ် မိပါသည်။ 
အရှည်တည်တံ့စေမည့် လွတ်လပ်ရေး
အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု 
ဤသို့           အလေးအနက်ထား အားထုတ်   လုပ်ဆောင်ခဲ့ကြခြင်း၏ အကြောင်း တရား  အကျိုးတရားများကား ထင်ရှားရှိပါသည်။ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ         လေးနက်လှသည်။ ခေါင်းဆောင်ကောင်းတို့မည်သည် သမိုင်း ပေးတာဝန်အရ ကျရာကဏ္ဍမှ  နိုင်ငံနှင့် ပြည်သူအတွက် ပစ္စုပ္ပန်အကျိုး ရှေးရှု ဆောင်ရွက်ကြရသလို အနာဂတ်အတွက် လည်း စဉ်းစားဆောင်ရွက်ရစမြဲ ဖြစ်သည်။ 
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို    စဉ်းစားရာတွင်      အနာဂတ်လူငယ် လူရွယ် သားစဉ်မြေးဆက်မကျန် စဉ်းစား ရသည်။   အဓိကမှာ    နိုင်ငံ့လွတ်လပ်ရေး အား စဉ်ဆက်မနှေး  ကာကွယ်စောင့်ရှောက် ရေးပင်ဖြစ်သည်။     အသက်သွေးချွေး စတေးပြီးမှ ရယူထားရသောလွတ်လပ် ရေးကြီးအရှည်တည်တံ့၍ အချုပ်အခြာ မြဲမြံရေး မှာ  နောင်မျိုးဆက်တို့အပေါ်တွင် မူတည် နေ၍  သူတို့လေးများ၏ ရင်ထဲနှလုံးသား ထဲတွင် တန်ဖိုးကြီးမားသော လွတ်လပ်ရေး အသိအမြင်များ ကိန်းအောင်းသွားစေရန်  ဤအခမ်းအနားကြီးကို    ကျင်းပခဲ့ခြင်း ဖြစ်သည်။ 
တစ်နည်းအားဖြင့် လွတ်လပ်ရေးကို တန်ဖိုးထားစေအပ်သည့် ရင်းနှီးမြှုပ်နှံမှု တစ်ခု   ပြုလိုက်ခြင်းပင်   ဖြစ်သည်။ နိုင်ငံတော်၏ စေတနာ၊   အမြော်အမြင် ကြီးမှုနှင့်    ပြင်းပြသောစိတ်ဓာတ်ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသူအပေါင်းကို လေးစား တန်ဖိုးထား၍ လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်း   စောင့်ရှောက်ကြရပါမည်။ လွတ်လပ်ရေးသဘင်အခမ်းအနားကြီး မစမီ၊ ကျင်းပနေစဉ်၊ ကျင်းပပြီး အသွင် သဏ္ဌာန်နှင့် အနှစ်သာရများကိုကြည့်၍ ငါတို့လက်ထက်မှာ   ဤလွတ်လပ်ရေး ကြီး အထိပါးမခံရ၊ မဆုံးရှုံးရလေအောင် ငါတို့မှာတာဝန်ရှိသည်၊ ငါတို့တာ၀န်၊ ငါတို့တာဝန်ယူရမည်ဟူ၍   ကတိသစ္စာ ပြုကြရမည်ဖြစ်ပါသည်။ 
ပြီးစီးခဲ့သည့်   နိုင်ငံတော်အဆင့် အခမ်းအနားကြီးကား လွတ်လပ်ရေး သန္ဓေကို ထပ်ဆင့်မွေးဖွားပေးခဲ့ပြီဖြစ်ပါ သည်။ အခမ်းအနားပြီးသော်လည်း မိမိ တို့ထမ်းဆောင်ရမည့် တာဝန်များကား မပြီးသေး၊ သမိုင်းမှတ်ကျောက်ကောင်းဆိုသည်မှာ မည်သို့မျှ မဖျောက်ဖျက်အပ်၊ ဆက်၍ ထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များ များစွာကျန်ရှိနေပါသေးသည်။ 
အတိတ်၊  ပစ္စုပ္ပန်ကို   ထင်ဟပ်၍ အနာဂတ်ကို မျှော်တွေးထားသည်ဖြစ်ရာ ငါတို့အတွက်     သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်သွားကြရမည်ဟု ခံယူထားရမည်သာဖြစ်သည်။ လွတ်လပ် ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အသီး အပွင့်နှင့် လွတ်လပ်ရေး၏ အရသာကို ပြီးစီးခဲ့သည့် လွတ်လပ်ရေးနေ့အခမ်း အနားကြီးက ပေးစွမ်းခဲ့သည်မှာ သေချာ ပါသည်။   ရရှိပြီးသော    ခွန်အားသစ်၊ စိတ်ဓာတ်သစ်များကို    စိန်ခေါ်မှုများ၊ အကျပ်အတည်းများအောက်မှာ ပြန်လည် မဟောင်းနွမ်းစေရအောင် နောက်ထပ် နှစ်စဉ်အသစ်အသစ်များဖြင့်    အစဉ် တက်ကြွလန်းဆန်းနေရမည် ဖြစ်ပါသည်။
မိမိတို့၏ တာဝန်ကား  ၇၅ နှစ်တိုင် တည်ခဲ့ပြီဖြစ်သော   လွတ်လပ်ရေးနှင့် အချုပ်အခြာ ကမ္ဘာတည်သရွေ့ တည်တံ့ မြဲမြံရန် ကတိပြုတာ၀န်ယူကြရန်သာ ဖြစ်ပါတော့သည်။ 
“လွတ်လပ်ရေး၏အရသာကို အတူ တကွ ခံစားစံစားနိုင်ကြပါစေ”။      ။