လွတ်လပ်ရေး အချုပ်အခြာအာဏာကို တန်ဖိုးထား လေးစားထက်သန်သည့်စိတ်၊ မိမိတို့၏ အချုပ်အခြာအာဏာကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းနိုင်စေမည့် စိတ်ဓာတ်များ ထက်သန်ကိန်းဝပ်နေစေရန် ဆောင်ရွက်ပေးကြရမည်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  (၇၄) နှစ်မြောက် 
လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်  ဒီဇင်ဘာ   ၁၇


၂၀၂၂ ခုနှစ်     (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့   ကျင်းပရေး ဗဟိုကော်မတီ    တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို  ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ     (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့      ကျင်းပရေး  ဗဟိုကော်မတီဥက္ကဋ္ဌ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး        စိုးဝင်း တက်ရောက်အမှာစကား   ပြော ကြားသည်။

 


အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဦးဝဏ္ဏ မောင်လွင်၊   ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပြီး    တာဝန်ရှိ ဖိတ်ကြားထားသူများက  ဗီဒီယို ကွန်ဖရင့်ဖြင့်   တက်ရောက်ကြ သည်။

 


အမှာစကားပြောကြား


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ်နှင့်  ဒုတိယအကြိမ်   ညှိနှိုင်းအစည်း အဝေးများ၌    ဆပ်ကော်မတီ အလိုက်  အသေးစိတ်    ဆွေးနွေး ဆောင်ရွက်ကြပြီး ဖြစ်ကြောင်း၊ ယခုတတိယအကြိမ်        ညှိနှိုင်း အစည်းအဝေးတွင် ဆပ်ကော်မတီ အလိုက်ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များနှင့်      စပ်လျဉ်း၍ နောက်ဆုံး      ဆောင်ရွက်ပြီးစီးမှု များ၊ ဆောင်ရွက်ရန်ကျန်ရှိမှုများနှင့်  ထပ်မံဖြည့်ဆည်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေး ကြစေလိုကြောင်း    ပြောကြား သည်။ 

 


ရှင်းလင်းဆွေးနွေး


ထို့နောက်   နိုင်ငံတော်အလံ တင်နှင့်   နိုင်ငံတော်အလံအလေး ပြုပွဲ   စစ်ရေးပြဆပ်ကော်မတီ၊  နိုင်ငံတော်အလံ    အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင် ရေးနှင့် ဖိတ်ကြားရေးဆပ်ကော် မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော် မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက် ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ် ကော်မတီ၊      ပြန်ကြားရေးဆပ် ကော်မတီ၊    လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး     ဆပ်ကော် မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊  အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီနှင့် စာရင်းစစ်ဆေး ရေးဆပ်ကော်မတီများမှ ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကော်မတီများအလိုက် စီမံဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍    ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ်  (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ကျင်းပ ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက        ဖြည့်စွက်မှာကြား သည်။ 

 


ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်


ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့    ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  နိဂုံး ချုပ်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊  နှစ်သစ်ကာလတွင် ပထမဆုံးအကြိမ်  ကျင်းပမည့် နိုင်ငံတော်အဆင့်  အခမ်းအနား ဖြစ်သည့်အတွက်   နိုင်ငံတော် အဆင့်နှင့်လျော်ညီစွာ မင်္ဂလာရှိ သည့်အခမ်းအနားဖြစ်ရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊       နှစ်သစ်ကာလကို စိတ်သစ်လူသစ်ဖြင့်   ကြိုဆိုရင်း လွတ်လပ်ရေးအချုပ်အခြာအာဏာ ကို တန်ဖိုးထားလေးစားထက်သန် သည့်စိတ်၊ မိမိတို့၏ အချုပ်အခြာ အာဏာကို    မိမိတို့ကိုယ်တိုင် ထိန်းသိမ်းနိုင်စေမည့် စိတ်ဓာတ် များ  ထက်သန်ကိန်းဝပ်နေစေရန် ဆောင်ရွက်   ပေးကြရမည်ဖြစ် ကြောင်း  မှာကြားပြီး    အစည်း အဝေးကို    ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်