
လပွတ္တာ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားရှိသော ကျေးရွာ ၂၂ အုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၈၂၉ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် ၂၀၀ ကို ဝန်ကြီးချုပ်က ပြည်သူများထံ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့ ၁ မိုင်၌ မိုးစပါးစံကွက် (ပေါ်ဆန်းစပါး)ရိတ်သိမ်းပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လပွတ္တာ(ပြန်/ဆက်)