လပွတ္တာခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု

 

လပွတ္တာ    ဩဂုတ်    ၅


၂၀၂၂  ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင်    ဧရာဝတီတိုင်း ဒေသကြီး   လပွတ္တာခရိုင်အတွင်းမှ  ထူးချွန်စွာအောင်မြင်ခဲ့ သော   ကျောင်းသား ကျောင်းသူများအား  ဂုဏ်ပြုဆုချီးမြှင့်ပွဲကို  လပွတ္တာမြို့  အ-ထ-က(၁)ကျောင်းခန်းမ၌ ဩဂုတ် ၃ ရက်က ကျင်းပသည်။

 


ဆုချီးမြှင့်ပွဲတွင်     ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က  အမှာစကားပြောကြားပြီး  စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့်  ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ    မယဉ်ငြိမ်းသန့်နှင့်   ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော    ကျောင်းသား   ကျောင်းသူ လေးဦးအား   ဆုများချီးမြှင့်ကာ    လေးဘာသာဂုဏ်ထူးရ ကျောင်းသား    ကျောင်းသူများအား    ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား ကျောင်းသူများကိုယ်စား      ခြောက်ဘာသာဂုဏ်ထူးရှင် မယဉ်ငြိမ်းသန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။                  


ခရိုင်(ပြန်/ဆက်)