လျှပ်စစ်သုံးယာဉ်များနှင့် လျှပ်စစ်သုံးဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းရောက်ရှိ

 

နေပြည်တော်   အောက်တိုဘာ  ၄


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့်  N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG MG4 အမျိုးအစား လျှပ်စစ်သုံးယာဉ် များ၊ Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော Karry Cowfish၊ Karry Dolphin ၊Karry Elephen အမျိုးအစား လျှပ်စစ်သုံး ယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာ သော AIMA  အမျိုးအစား  လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။            

သတင်းစဉ်