လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ရန်ကုန်မြို့ UMFCCI တွင် ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ  ၄
မြန်မာနိုင်ငံတွင် မကြာမီကာလ အတွင်း ထိတွေ့နေရာယူလာကြ တော့မည့် လျှပ်စစ်သုံးယာဉ်များ နှင့် ဆက်စပ်ပစ္စည်းများအတွက် နည်းပညာဆိုင်ရာများ၊    ပြုပြင် ထိန်းသိမ်းမှုဆိုင်ရာများနှင့် ဘေး အန္တရာယ် ကင်းရှင်းစွာ ရေရှည် အသုံးပြုနိုင်ရေးအတွက် မှန်ကန် သော သတင်းအချက်အလက်များ ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရန်   ရည်ရွယ်၍   လျှပ်စစ်သုံး ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းဆိုင်ရာ အသိပညာ ပေး   ဆွေးနွေးပွဲကို   ဖေဖော်ဝါရီ  ၄ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များ  နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ရှိ မင်္ဂလာ ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်ပစ္စည်းများ သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော် မတီ  ဥက္ကဋ္ဌ  သိပ္ပံနှင့်  နည်းပညာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ   စိုင်းကျော်နိုင်ဦးက  အမှာစကား  ပြောကြားရာတွင် နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ၂-၆-၂၀၂၂ ရက်တွင် အမျိုးသား အဆင့်   လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ     ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ နှင့် ၇-၆-၂၀၂၂ ရက်တွင် လုပ်ငန်း ကော်မတီ (၅) ရပ်ကို    ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဦးဆောင် ကော်မတီအနေဖြင့် လျှပ်စစ်သုံး ယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ များ  ချမှတ်ခြင်း၊   လျှပ်စစ်သုံး ယာဉ်အသုံးပြုမှုအတွက် အခွန်/ အခ ကင်းလွတ်ခွင့်များ၊ အခြား သက်သာခွင့်များ ဖော်ဆောင်ပေး ခြင်း၊   လိုအပ်သည့်   အမိန့်ညွှန် ကြားချက်များ၊ စည်းမျဉ်းစည်း ကမ်းများ သတ်မှတ်ခြင်း၊ အများ သုံး   Charging  Station  များ တည်ဆောက်နိုင်ရေး   စီမံချက် များ   ချမှတ်အကောင်အထည် ဖော်       ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ     ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒ” ကို နိုင်ငံ တော်အဆင့် အတည်ပြုပြဋ္ဌာန်း ပြီး ဖြစ်ပါကြောင်း။ 
သိပ္ပံနှင့်    နည်းပညာဝန်ကြီး ဌာနအနေဖြင့် “လျှပ်စစ်သုံးယာဉ် ဆိုင်ရာ Training of Trainers (ToT) သင်တန်း”၊ “လျှပ်စစ်သုံး ယာဉ်   (Electric     Vehicle) စစ်ဆေးရေး အထောက်အကူပြု သင်တန်း” များကို စက်မှုဝန်ကြီး ဌာနနှင့် ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊  ၂၀၂၃  ခုနှစ်အတွင်း တစ်နှစ်ပတ်လုံး   လျှပ်စစ်သုံး ယာဉ်ဆိုင်ရာ    Training   of Trainers (ToT)   သင်တန်းများ နှင့် ပုံမှန်သင်တန်းများကို အစိုးရ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ဖွင့်လှစ်     ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။ 
ဆက်လက်၍      UMFCCI ဒုတိယဥက္ကဋ္ဌ   ဒေါက်တာဝင်း စည်သူနှင့်   MAMDA   အသင်း ဥက္ကဋ္ဌ     ဦးဇော်ထိုက်အေးက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ 
ဆက်လက်၍  လျှပ်စစ်သုံး ယာဉ်နှင့် ပတ်သက်သော မူဝါဒ ဆိုင်ရာ သတ်မှတ်ချက်များအား စက်မှုဝန်ကြီးဌာနမှ ဆွေးနွေးခဲ့ သည်။ EV ကားများ၏  အခြေခံ သဘောတရားများနှင့်  EV နှင့် ပတ်သက်သော Knowledge Sharing  ပြုလုပ်ခြင်းများအား ကျွမ်းကျင်ပညာရှင်များက ဆောင် ရွက်ကြပြီး တက်ရောက်လာသူ များက သိလိုသည်များ မေးမြန်း ဆွေးနွေးကြသည်။ 
အဆိုပါ လျှပ်စစ်သုံးယာဉ် ဆိုင်ရာ Knowledge Sharing ပွဲသို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ များမှ  စုစုပေါင်း လူဦးရေ ၅၀၀ ခန့်   တက်ရောက်ကြကြောင်း သတင်းရရှိသည်။     သတင်းစဉ်