လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ တင်သွင်းရောက်ရှိ

 

နေပြည်တော်  ဧပြီ   ၂၅


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 7 KW ၁၀ ခု၊ 11 KW ၁၀ ခု၊ 22 KW ၁၀ ခု၊ 60 KW ခြောက်ခုနှင့် 240 KW နှစ်ခု စုစုပေါင်း လျှပ်စစ်သုံး ယာဉ် အားသွင်းစက်  ၃၈ ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်  ယနေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

သတင်းစဉ်